Healthy Life Ad
Life Style

ခရစ္စမတ်လက်ဆောင်

စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခရစ္စမတ်နေ့မတိုင်ခင် သုံးပတ်လောက်အလိုမှာ ကျွန်မခင်ပွန်းက ကျွန်မအတွက် ဘာလက် ဆောင်ပေးရပါ့မလဲလို့ စိတ်ကူးနေခဲ့တယ်။ သူ့ ရွေးချယ်မှုအတွက် ကျွန်မဘယ်တုန်းကမှ စိတ် မပျက်ခဲ့ဖူးသလို သူစဉ်းစားနေတာကို ကျွန်မပြုံး ကြည့်နေမိခဲ့တယ်။

“တကယ်တော့ ကိုယ်မင်းကို ဘရာစီယာ တွေဝယ်ပေးချင်တာ”
သူ အဲဒီလို ပြောတော့ ကျွန်မ နည်းနည်း အလေးထားမိသွားတယ်။ သူက ကျွန်မဝတ်တဲ့ ဘရာစီယာအရွယ်အစားနဲ့ အမျိုးအစားကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပဲကိုး။

သူနဲ့ ကျွန်မအကြည့်ချင်းဆုံပြီးတဲ့နောက် သူက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။

“ကိုယ် မင်းကို ဝယ်ပေးချင်တဲ့ ဘရာစီယာ အမျိုးအစားက တကယ့်လက်တွေ့ကျတဲ့ အမျိုးအစား။ ဖန်စီဖြစ်ဖို့ မလိုဘူး၊ ဆွဲဆောင်မှုရှိဖို့မလိုဘူး။ တစ်နေ့လုံး မင်းဝတ်ထားတဲ့အချိန်မှာ သက်သောင့်သက်သာရှိပြီး အံဝင်ခွင်ကျဖြစ်နေဖို့ပဲ . . ”

ခရစ္စမတ်နေ့မှာ သူစိတ်ကူးထားတဲ့အတိုင်း ကျွန်မအမျိုးသားက ဘရာစီယာသုံးထည်ကို ကျွန်မအတွက် လက်ဆောင်ဘူးလေးနဲ့ ထည့်ပေးခဲ့တယ်။ တစ်ထည်က အနက်ရောင်၊ တစ်ထည်က အဖြူ ရောင်၊ တစ်ထည်က ဆင်စွယ်နှစ်ရောင် . .

ကျွန်မရဲ့ အတိတ်ကာလမှာ ဒီခရစ္စမတ်လက်ဆောင်တွေက ကျွန်မအကြိုက်ဆုံး လက်ဆောင် တွေဖြစ်လာခဲ့တယ်။ ဈေးကြီးလို့လား . . မဟုတ်ပါဘူး။ ပိုးသားဂါဝန်တွေလို လူပုံအလယ် ပွဲတို တာလည်း မဟုတ်ဘူး။ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို ထုတ်ဖော်ကြွားရလောက်အောင်လည်း မထည်ဝါဘူး။ ဒါပေမဲ့ ကျွန်မကို အမြဲတမ်းနွေးထွေးပြီး သက်သောင့်သက်သာရှိစေခဲ့တယ်။

အဲဒီလိုပါပဲ . . လူ့ဘဝမှာ နွေးထွေးပြီး သက်သောင့်သက်သာရှိတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်ဖို့ဆိုတာ စစ်မှန်တဲ့ချစ်ခြင်းကိုသာ အခြေခံတယ်လေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top