Healthy Life Ad
International

၁၂ လအတွင်း ကိုယ်အလေးချိန် ၁၃၂ ပေါင် ကျသွားသည့် ဆယ်ကျော်သက်

၊ မိုးမင်းထွန်း ၊

လွန်ခဲ့တဲ့ ၁၂ လခန့်က သြစတြေးလျနိုင်ငံမှ ဟာဗေးဘေးဆိုတဲ့ အသက် ၁၇နှစ်အရွယ် ဆယ်ကျော်သက်မလေးဟာ ကိုယ်အလေးချိန် ၂၆၄ ပေါင်ရှိခဲ့ပြီး အားကစားရုံသွားဖို့တောင် ရှက်ရွံ့နေခဲ့ပါတယ်။ ခန္ဓာကိုယ်ဝလွန်းတာကြောင့် အားကစားခန်းမသွားရမှာ ရှက်ရွံ့နေခဲ့တယ်လို့ သူကပြောပြပါတယ်။ နောက်ဆုံးမှာ ဟာဗေးဟာ အိမ်မှာပဲ ကိုယ်ပိုင်ကိုယ်အလေးချိန်ချတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ သကြားစားသုံးမှုကို ဖြတ်တောက်လိုက်ပါတယ်။ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ချောကလက်စတဲ့ ကာဗိုဟိုက်ဒရိုက်ပါတဲ့ အစာတွေကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။

Youtube မှ အားကစားလေကျင့်တဲ့အစီအစဉ်မှာပြသတဲ့ နည်းလမ်းတွေကိုသုံးပြီး တစ်ပတ် ၃ ကြိမ် ပြင်းပြင်းထန်ထန် အားကစားလေ့ကျင့်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ စားသောက်ကာ သစ်သီးဖျော်ရည်တွေမှာ သဘာဝသကြားဓာတ်တွေပါရှိတာကြောင့် သစ်သီးဖျော်ရည်သောက်သုံးတာကိုလည်း ရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၂လာကြာပြီးချိန်မှာ ကိုယ်အလေးချိန် ၁၃၂ ပေါင်ကျသွားခဲ့တယ်လို့ သိရပါတယ်။

အားကစားမလုပ်ခင်ပုံနဲ့ အားကစားလုပ်ပြီးတဲ့ ဓာတ်ပုံကိုနှိုင်းယှဉ်ကြည့်တာက စိတ်အားတက်ကြွစေပြီး ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးခဲ့ကြောင်း ဟာဗေးက သူရဲ့အတွေ့အကြုံကိုဝေမျှခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top