Healthy Life Ad
International

လည်ပင်း ၉၀ ဒီဂရီစောင်းနေသည့် ၉ နှစ်အရွယ် ကလေးမလေး

၊ မိုးမင်းထွန်း ၊

ပါကစ္စတန်နိုင်ငံမှ အသက် ၉နှစ် အရွယ် အာ့ဖ်ရှီးကန်ဘာဟာ ရှားပါးတဲ့ ကြွက်သားရောဂါကြောင့် လည်ပင်း ၉၀ ဒီဂရီစောင်းနေပြီး ခေါင်းမတ်မတ်မထောင်နိုင်ခဲ့ပါဘူး။ လမ်းကောင်းကောင်းမလျှောက်နိုင်၊ ကောင်းကောင်းမထိုင်နိုင်ဖြစ်နေပါတယ်။ တခြားသူတွေက အစားစားတာ၊ အိမ်သာသွားတာတို့မှာ ကူညီလုပ်ကိုင်ပေးနေရပါတယ်။ ဆရာဝန်တွေဆီ သွားရောက်ပြသခဲ့ပေမယ့် ပစ္စည်းပိုစုံတဲ့ မြို့တော်ကရာချိသို့ သွားရောက်ပြသဖို့သာ အကြံပေးခဲ့ကြပါတယ်။ ပုံမှန်မွေးဖွားလာခဲ့ပေမယ့် ၈ လသမီးအရွယ်လောက်မှာ လည်ပင်းထိခိုက်မိခဲ့ပြီး ဆင်းရဲတဲ့ မိဘတွေက ဆေးမြီးတိုနဲ့သာ ကုသခဲ့ရာမှ အခုလိုဖြစ်သွားခဲ့ကြောင်း သိရပါတယ်။

ကြွက်သားရောဂါ ဒါမှမဟုတ် ကျောရိုးဖွဲ့စည်းပုံ မမှန်တာကြောင့် ဖြစ်နိုင်ခြေ ရှိကြောင်း ဆရာဝန်တွေက ယူဆနေကြပါတယ်။ ဆေးကုသစရိတ် မတတ်နိုင်တာကြောင့် အခက်ကြုံနေတဲ့မိဘတွေက ပါကစ္စတန်အစိုးရနဲ့ စေတနာရှင်တွေဆီက ဆေးကုသငွေအလှူခံရရှိဖို့ ကြိုးစားနေကြပါတယ်။ သူတို့သမီးကို တခြားကလေးတွေလို ကျောင်းတက်ကစားကာ ပျော်ပျော်ရွှင်ရွှင် ပုံမှန်ဘဝမျိုး ဖြစ်စေချင်ကြောင်း မိဘတွေကပြောကြားခဲ့ပါတယ်။

(Ref;MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top