Healthy Life Ad
International

၁၈ ကြိမ်မြောက် ကင်ဆာဆေးသွင်းခံယူခဲ့သည့် ၁၂ နှစ်အရွယ်သမီးလေးကို ဆေးရုံဝန်ထမ်းများ ဂုဏ်ပြုခဲ့

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၁၂ နှစ်အရွယ် အလိုက်ရော့စင်တန်ဟာ လွန်ခဲ့တဲ့နှစ်အောက်တိုဘာလက ခြေထောက်နာတာကြောင့် ဆေးစစ်ဆေးမှုခံယူခဲ့ပါတယ်။ အလိုက်မှာ တံကျင်ရိုးမှာ အကျိတ်ဖြစ်ပေါ်တဲ့ Osteosarcoma အမည်ရ ရှားပါးတဲ့ အရိုးကင်ဆာ ဖြစ်ပေါ်နေကြောင်းတွေ့ရှိခဲ့ပါတယ်။ ကုထုံးအရ ၂၆ ပတ်ကျော်အတွင်း ကင်ဆာဆေးသွင်းကုသမှု ၁၈ ကြိမ်ခံယူဖို့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လက အကျိတ်ဖယ်ရှားပြီး အလူမီနီယမ်စတီးချောင်းနဲ့ အရိုးအစားထိုးခွဲစိတ်မှု ပြုလုပ်ခဲ့ရပါသေးတယ်။ ကင်ဆာဆေးသွင်းမှု စတင်ချိန်မှာ အော့အန်တာ၊ ခြေထောက်နာတာတို့ခံစားခဲ့ရပေမယ့် ကလေးဟာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဆေးရုံ ဝန်ထမ်းတွေနဲ့မိဘတွေပါ အလိုက်ရဲ့ရဲရင့်တည်ငြိမ် တဲ့စိတ်ဓာတ်ကို ချီးကျူးခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အလိုက်ဟာ နောက်ဆုံး ၁၈ ကြိမ်မြောက် ကင်ဆာဆေးသွင်းကုသမှုခံယူခဲ့ပြီး ကုသမှုပြီးဆုံးတဲ့ အထိမ်းအမှတ်အနေနဲ့ ဆေးရုံမှာချိတ်ဆွဲထားတဲ့ ခေါင်းလောင်းကို တီးခတ်ခဲ့ပါတယ်။ ဆေးရုံဝန်ထမ်းတွေအကုန်လုံးစုရုံးကာ လက်ခုပ်သြဘာပေးပြီး အလိုက်ကို ဂုဏ်ပြုပေးခဲ့ကြပါတယ်။

လမ်းပြန်လျှောက်နိုင်ဖို့ ကာယကုထုံးခံယူရဖို့ ရှိပြီး လာမယ့်နှစ်ဇန်နဝါရီလမှာ ကျောင်းပြန်တက်နိုင်တော့မယ်လို့သိရပါတယ်။ ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီဖြစ်ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာကို ကျော်လွှားနိုင်ခဲ့တဲ့ ရဲရင့်တဲ့ကလေးမလေးကို အားလုံးက ဂုဏ်ပြုချီးကျူးနေကြကြောင်းလည်း သိရှိရပါတယ်။

(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top