Healthy Life Ad
Health Tips

ထောပတ်သီးအကြောင်း…

ထောပတ်သီးကို ဘာကြောင့် စားသင့်သလဲ ဆိုတာ လေ့လာကြည့်ရအောင်။

ဖောလစ်အက်စစ် သဘာဝအရင်းအမြစ်ပါဝင်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။

သွေးတိုးကျစေပါတယ်။

အင်ဆူလင် Resistance ကို ကူညီဖြေရှင်းပေးပါတယ်။

အိုမင်းမှုဟန့်တားတဲ့ အစွမ်းရှိပါတယ်။

ဗီတာမင်အီး ပါဝင်မှုမြင့်မားပါတယ်။

လိုအပ်သောပစ္စည်းများ

ထောပတ်သီးမှည့်တစ်လုံးရဲ့ တစ်ဝက် (ကြိတ်ချေထားပါ)၊

နွားနို့ အကြမ်းပန်းကန်လုံး ခွက်ရဲ့လေးပုံ တစ်ပုံ၊

သံပရာရည်ထမင်းစားဇွန်း တစ်ဝက်၊

သကြားထမင်းစားဇွန်း တစ်ဇွန်း၊

ပင်စိမ်းလှီးထားပြီး ထမင်းစားဇွန်း တစ်ဇွန်း။

ထောပတ်သီး၊ နို့၊ သံပရာရည်နဲ့ သကြားတို့ကို သမအောင်မွှေပါ။ ပြီးရင် လှီးထားတဲ့ ပင်စိမ်းရွက် ကိုခတ်ပေးပါ။ သမအောင်ရောမွှေပြီး ရေခဲအနည်း ငယ်ထည့်ပေးပါ။

ထောပတ်သီးဖျော်ရည်၏ ကောင်းကျိုးများ

(၁) အူလှုပ်ရှားမှု ကောင်းစေပြီး ဝမ်းမှန်စေပါတယ်။

(၂) အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်း လျော့ကျစေပါတယ်။

(၃) အစာအိမ်ရောင်ရမ်းမှုဝေဒနာကို သက်သာလျော့ပါးစေပါတယ်။

(၄) လေဖြတ်ဝေဒနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) လူတင်ဓာတ်ပါဝင်တာကြောင့် မျက်စိအမြင် ထိခိုက်စေတဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top