Healthy Life Ad
Health Tips

ခေါင်းတစ်ခြမ်းကိုက်ရောဂါအကြောင်း သတိပြုစရာ

ငွေကြယ်စင်ယံ

ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်ရင် သွားလာလှုပ်ရှားရတာ မကောင်းဘဲ မသက်မသာဖြစ်တတ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကာကွယ်နည်းများ
ခေါင်းတစ်ခြမ်းကိုက်ရောဂါထစေနိုင်တဲ့ အရာတွေထဲက ရှောင်လွှဲနိုင်တဲ့အရာတွေ ဖြစ်တဲ့အရက်၊ တချို့အစားအစာတွေ(ဥပမာ-အဆီအအိမ့်ကဲတဲ့ အစာ၊ ပူလွန်းစပ်လွန်းတဲ့အစာ) တောက်ပတဲ့ အလင်းစူးစူး၊ ဆူညံလွန်းတဲ့အသံနဲ့ စိတ်ဖိစီးမှုများစေတဲ့ အခြေအနေစတာတွေကို ရှောင်ပါ။

ရေ၊ သစ်သီးဖျော်ရည်နဲ့ စွပ်ပြုတ်စတဲ့ အရည်များများသောက်ပေးပါ။

ပုံမှန်ကိုယ်လက်လှုပ်ရှားပေးပါ။

စိတ်ငြိမ်းချမ်းစေမယ့်နည်းတွေဖြစ်တဲ့ တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့ နည်းလမ်းတွေကို လိုက်နာပေးပါ။

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးမှန်မှန် သောက်ပါ။

ခေါင်းတစ်ခြမ်းကိုက်ခြင်း သက်သာစေရန်နည်းလမ်းများ

မှောင်မည်း တိတ်ဆိတ်တဲ့အခန်းထဲမှာ တရားထိုင်တာမျိုး၊ လှဲလျောင်းအနားယူတာမျိုးကို လုပ်ဆောင်ပေးပါ။

နဖူးပေါ်မှာ ရေအေးဝတ်ကပ်ပြီး နှိပ်နယ်ပေးပါ။

ဦးခေါင်းကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။

နားထင်ကို ညင်သာတဲ့ ဖိအားနဲ့ စက်ဝိုင်းပုံအတိုင်းလှည့်လည်ကာ နှိပ်ပါ။

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာပေးပါ။

(Ref;RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top