Healthy Life Ad
International

အိမ်ထဲတွင် အမှိုက်များစုဆောင်းနေသည့် အသက်၆၀အရွယ်အမျိုးသား

မိုးမင်းထွန်း


အသက် ၆၀ အရွယ် ပြင်သစ်အမျိုးသားယွန်း ဟာ ဒီအိုယဲ့နိရောဂါခံစားနေရသူဖြစ်ပါတယ်။ senile squalor syndrome လို့လည်း ခေါ်တဲ့ဒီရောဂါခံစားနေရသူတွေဟာ လူမှုအသိုင်းအဝိုင်းမှ ကင်းကွာနေထိုင်တတ်ပြီး အမှိုက်တွေစုဆောင်းတတ်သလို ဖြစ်သလိုနေထိုင်တတ်ကြပါတယ်။

သူက ၂၀ဝ၂ ခုနှစ်အထိ အဆောက်အအုံ ဆောက်လုပ်ရေး ပညာရှင်အဖြစ်လုပ်ကိုင်ခဲ့ပေမယ့် အခုအခါမှာတော့ ညတိုင်းအမှိုက်ပုံးတွေထဲက ရှာလို့ရတဲ့အမှိုက်တွေကို အိမ်ထဲမှာ စုဆောင်းနေပါတယ်။ အရင်စုဆောင်းထားတဲ့ ငွေတွေနဲ့ စားသောက်နေထိုင်နေပါတယ်။ မြို့တော်ကောင်စီက ကျန်းမာရေးနဲ့ လုံခြုံရေးရှိအောင် သူ့အိမ်ကို တစ်နှစ်တစ်ခါ လာရောက်ရှင်းလင်းပေးရကြောင်း သိရပါတယ်။ ဓာတ်ပုံဆရာ အာ့ကနိုကိုးရှင်ဟာ ယွန်းနဲ့ အသိအကျွမ်းဖြစ်ဖို့ ၃လ ကြာကြိုးစားခဲ့ရပြီး နောက်ဆုံးမှာ သူ့အိမ်ထဲသို့ ဝင်ခွင့်ပြုခဲ့ပါတယ်။ အာ့ကနိုးရှင်က ယွန်းရဲ့အိမ်ခန်းထဲမှ အခြေအနေကို ဓာတ်ပုံတွေရိုက်ယူနိုင်ခဲ့ပါတယ်။ အမှိုက်တွေကတောင်လိုပုံနေပြီး နေရာကျဉ်းတာ၊ အနံ့အသက်ဆိုးတာတို့ကြောင့် ခက်ခက်ခဲခဲဓာတ်ပုံရိုက်ယူခဲ့ရတယ်လို့ပြောပြပါတယ်။ လူတွေက ယွန်းရဲ့ အပြုအမူတွေကြောင့် ရူးသွပ်နေတာလို့ ယူဆပေမယ့် အဲဒီလိုလုံးလုံး ကောက်ချက်ချလို့မရဘူးလို့ ပြောပြပါတယ်။ သူက ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်ပြီး ဗဟုသုတပြည့်စုံသလို ဟောပြောပွဲတွေ၊ စာကြည့်တိုက်တွေ သွားရောက်တတ်သူဖြစ်တယ်လို့ သိရပါတယ်။ လူအများစုနဲ့မတူတဲ့ အတွေးအခေါ်ရှိပြီး လူတွေအနေနဲ့ အမှိုက်ပုံးထဲ အမှိုက်အမြောက်အများ စွန့်ပစ်နေတာဟာ ရူးသွပ်ခြင်းတစ်မျိုးပဲလို့ ယွန်းကယူဆနေကြောင်း သိရပါတယ်။

(Ref;MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top