Healthy Life Ad
International

ဦးနှောက်ခွဲစိတ်မှုခံယူခဲ့သည့် အရပ် ၇ပေ ၅ လက်မရှိ ကမ္ဘာ့အရပ်အရှည်ဆုံးလူငယ်လေး

၊ မိုးမင်းထွန်း ၊

ဘရာဇီးနိုင်ငံမှ အသက် ၁၂နှစ်အရွယ် ဂါဘရီရယ်ဂိုးမက်စ်ဟာ ပီကျူထရီဂလင်းအကျိတ်ကြောင့်ဖြစ်ပွားပြီး ကြီးထွားဟော်မုန်းအလွန်အကျွံ ထုတ်လုပ်တဲ့ gigantism ရောဂါ ခံစားနေရပါတယ်။ ရောဂါကြောင့် ဂါဘရီရယ်ဟာ အရပ် ၇ ပေ ၅ လက်မထိရှိလာခဲ့ပြီး ဦးနှောက်ခွဲစိတ်ကာ အကျိတ်မဖယ်ရှားရင် လာမယ့် ၁၅ နှစ်အတွင်း အသက်သေဆုံးနိုင်ခြေရှိနေပါတယ်။

အသက် ၁၀ နှစ်သားတုန်းက ခွဲစိတ်မှုခံယူဖူးပေမယ့် အကျိတ်တစ်ခုလုံးမဖယ်ရှားနိုင်ခဲ့တာကြောင့် ဆက်လက်ကြီးထွားလာတာဖြစ်ပါတယ်။ ခွဲစိတ်မှုက အန္တရာယ်များလှပြီး အောင်မြင်ဖို့မသေချာပေမယ့် မိဘတွေက ခွဲစိတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ၈နာရီကြာ ခွဲစိတ်မှုအပြီးမှာ ဆရာဝန်တွေကအကျိတ်ကို ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂါဘရီရယ်ဟာ သတိပြန်မလည်လာခဲ့တာကြောင့် အရေးပေါ် ဦးနှောက်စစ်ဆေးမှုပြုလုပ်ခဲ့ရပြီး သွေးခဲနေတာကို တွေ့ခဲ့ရပြီး သွေးကျဲဆေးနဲ့ ကုသပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာ လူငယ်လေးဟာ သတိပြန်ရလာခဲ့ပြီး နာလန်ထလာခဲ့ကြောင်းသိရပါတယ်။ သူရဲ့ ကြီးထွားဟော်မုန်းပမာဏဟာ ပုံမှန်အတိုင်းဖြစ်သွားခဲ့တာကြောင့် အကျိတ်ဖယ်ရှားခွဲစိတ်မှုက ထိရောက်အောင်မြင်ခဲ့ကြောင်း ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။ ခွဲစိတ်အပြီး တစ်လအကြာမှာ ဆေးရုံကဆင်း နိုင်ခဲ့ပြီး ပုံမှန်လူငယ်တစ်ယောက်အတိုင်း ကြီးပြင်းနိုင်တော့မှာဖြစ်လို့ မိဘတွေက ဝမ်းသာနေကြောင်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top