Healthy Life Ad
Life Style

မိခင်နို့ချိုတိုက်ကျွေးနေသူမိခင်များ နို့သီးခေါင်း နာကျင်ခြင်း

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

မိခင်နို့တိုက်ကျွေးတဲ့အခါ တစ်ခါမဟုတ် တစ်ခါဆိုသလို နို့သီးခေါင်း နာကျင်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

သဘာဝဆေး (၁) မိခင်နို့
နို့သီးခေါင်းနာကျင်မှု သက်သာစေဖို့ တစ်ခုတည်းသောနည်းက ကိုယ့်မိခင်နို့ကို ပြန်သုံးသင့်တာပဲဖြစ်ပါတယ်။ နာကျင်နေတဲ့ နို့သီးခေါင်းပေါ် မိခင်နို့အစက်အနည်းငယ်ချပေးပြီး ခြောက်သွေ့အောင်ထားပါ။ နာကျင်မှု သက်သာတဲ့အထိ ပုံမှန်ပြုလုပ်နိုင်ပါတယ်။

သဘာဝဆေး (၂) အဝတ်နွေးနွေး
မိခင်နို့မတိုက်ခင် နာကျင်နေတဲ့ နို့သီးခေါင်းပေါ်ကို အဝတ်နွေးနွေးတစ်စတင်ပေးပါ။ နာကျင်မှုသက်သာစေပါတယ်။

သဘာဝဆေး (၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်သားကလည်း နို့သီးခေါင်းနာကျင်မှု သက်သာလျော့ပါးစေပါတယ်။ နို့သီးခေါင်းပေါ်မှာ ရှားစောင်းလက်ပပ်အနှစ်သားလိမ်းပြီး ခြောက်အောင်ထားပါ။ အဲဒီ နို့သီးခေါင်းတစ်ဝိုက်ကို ကြက်သီးနွေးရေနဲ့ ဆေးပြီးမှ နို့တိုက်ပါ။ သုံး-လေးရက်ဆက်တိုက် ပြုလုပ်ပေးနိုင်ပါတယ်။

သဘာဝဆေး (၄) အစိုဓာတ်
အစိုဓာတ်မရှိတဲ့အခါ ခြောက်သွေ့အက်ကွဲနေတဲ့ နို့သီးခေါင်းတွေဖြစ်လာပါတယ်။ အဒီအချိန်မှာ မိခင်နို့ကိုပြန်သုတ်လိမ်းတာမျိုး၊ ဆေးဆိုင်က လာနိုလင် (Lanolin)ကို လိမ်းတာမျိုး လုပ်ပြီး နို့သီးခေါင်းကို စိုပြည်အောင်ထားပါ။ မိခင်နို့မတိုက်ခင် နို့သီးခေါင်းကို စင်ကြယ်အောင် ဆေးပေးရပါမယ်။

သဘာဝဆေး (၅) ရေခဲ
နာကျင်နေတဲ့ နို့သီးခေါင်း အနာကျက်စေဖို့ ရေခဲသုံးနိုင်ပါတယ်။ ခဏတာ အေးအောင် လုပ်ထားတဲ့ ရေခဲကိုပိတ်စသန့်သန့်ထဲထည့်ပြီး နို့သီးခေါင်းပေါ်တင်ကာ နှိပ်ပေးပါ။ နာကျင်မှုတင်မက ရောင်ရမ်းမှုပါ ကျစေပါတယ်။

သဘာဝဆေး (၆) ပင်စိမ်းရွက်
ပင်စိမ်းရွက်က ဟင်းလျာတွေကို အရသာရှိစေရုံသာမက နာကျင်နေတဲ့ နို့သီးခေါင်းတွေကိုလည်း သက်သာစေပါတယ်။ အနာကျက်အစွမ်း ရှိတဲ့ ပင်စိမ်းရွက်က ခြောက်သွေ့၊ အက်ကွဲ၊ နာကျင်ကာ သွေးထွက်နေတဲ့ နို့သီးခေါင်းတွေကို သက်သာစေပါတယ်။ ပြုလုပ်နည်းက ပင်စိမ်းရွက်နည်းနည်းကို ရေစင်အောင်ဆေးပြီး ခပ်ပြစ်ပြစ်အရည်ရအောင်ကြိတ်ပါ။ ပြီးရင် နာကျင်နေတဲ့ နို့သီးခေါင်းတွေပေါ်လိမ်းကာ ခြောက်တဲ့ အထိထားပါ။ မိခင်နို့မတိုက်ခင် အဲဒီပင်စိမ်းတွေကိုဖယ်ရမှာဖြစ်ပါတယ်။ တစ်ပတ်မှာ ၃-၅ ကြိမ် ပြုလုပ်ပေးရင် နာကျင်မှုသက်သာသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top