Healthy Life Ad
Health Tips

မှတ်ဉာဏ်မထိခိုက်စေရန်အတွက် မေ့ပစ်သင့်သောအရာများ

အကြောင်းရာတိုင်းကို ဦးနှောက်ထဲထည့်ထားပြီး အဲဒါတွေနဲ့ပဲ ဝန်ပိနေမယ်ဆိုရင် သင်ရဲ့မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လုံးဝကို မေ့ပစ်သင့်တဲ့အရာတွေကို မေ့ပစ်နိုင်မှသာ ဦးနှောက်ကျန်းမာရေး ကောင်းနေမှာ ဖြစ်ပါတယ်။

(၁) စိတ်ဖိစီးမှု များလွန်းနေပါတယ်

ဘာကြောင့် မေ့ပစ်သင့်တာလဲ

စိတ်ဖိစီးမှုကြာရှည်ခံစားနေရတာက ဦးနှောက်အတွက် အဆိပ်လိုပါပဲ။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီဆောဆိုတဲ့ သဘာဝစတီးရွိုက်တစ်မျိုးထွက်ရှိနှုန်းကို တိုးစေပါတယ်။ ကော်တီဆောက ဦးနှောက်ရဲ့ မှတ်ဉာဏ်စင်တာဖြစ်တဲ့ ဟစ်ပိုကမ်းပတ်စ်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများလွန်းတဲ့ ဘဝနေထိုင်မှုပုံစံတွေက အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းကိုတောင် တိုးစေနိုင်တယ်လို့ သိရပါတယ်။

(၂) ကိုယ်ဝန်ကြောင့် ပင်ပန်းနေပါတယ်

ဘာကြောင့် မေ့ပစ်သင့်တာလဲ

ကိုယ်ဝန်ရှိတဲ့အခါ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေဖြစ်ပြီး ဦးနှောက်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလတွေမှာ ဟော်မုန်းအပြောင်းအလဲနဲ့ အရည်ဓာတ်အပြောင်းအလဲတွေကြောင့် ခေါင်းကိုက်တာ၊ အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးမှုများတာတွေ အဖြစ်များလာလို့ပါ။ ဒါကြောင့် ကိုယ်ဝန်ရှိနေပါတယ်ဆိုတဲ့ အသိကြောင့် ပင်ပန်းနွမ်းနယ်မှုအဖြစ်မခံဘဲ လန်းလန်းဆန်းဆန်းနေထိုင်သင့်ပါတယ်။

(၃) ကိုယ်အလေးချိန်ကို အမြန်လျှော့ချနေပါတယ်

ဘာကြောင့် မေ့ပစ်သင့်တာလဲ

ကိုယ်အလေးချိန်ကို အမြန်လျော့ကျအောင် ကြိုးစားနေသူတွေက ခန္ဓာကိုယ်ကို လုံးဝဆာလောင်နေတဲ့ အခြေအနေအထိ လုပ်ပစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ဦးနှောက်ကလိုအပ်တဲ့ ဂလူးကို့စ်ဓာတ်မရတော့တာကြောင့် မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းအားတွေလည်း ထိခိုက်လျော့နည်းလာပါတော့တယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းလွန်းတဲ့ အစားအသောက်တွေကိုစားတာက သင့်ကိုပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ မူးဝေတာတွေကိုဖြစ်စေတာကြောင့် ကိုယ်အလေးချိန်ကို အမြန်လျှော့ချမယ်ဆိုတဲ့ အစီအစဉ်ကို မေ့ပစ်သင့်ပါတယ်။

(၄) ကင်ဆာဆေးသွင်းကုသမှု ခံယူနေပါတယ်

ဘာကြောင့် မေ့ပစ်သင့်တာလဲ

ကင်ဆာဆေးသွင်းကုသမှု ခံယူနေရတဲ့ လူနာတွေမှာ အတွေးတွေ ရှုပ်ထွေးတာက အဖြစ်များပါတယ်။ ကင်ဆာဆေးသွင်းတဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးအားနည်းတာ၊ ညောင်းညာတာ၊ အိပ်မပျော်တာနဲ့ ပူပင်သောကများတာတွေဖြစ်ပြီး အာရုံစူးစိုက်နိုင်ဖို့ ခက်ထဲတတ်ပါတယ်။ လူနာတွေက အစာစားချင်စိတ် လျော့ကျတတ်တာကြောင့် အာဟာရဓာတ်ကလည်း အလုံအလောက်မရတတ်ပါဘူး။ ဒါကြောင့် ဒီလိုအချိန်မှာ လူနာကို ကင်ဆာဆေးသွင်းထားတယ်ဆိုတဲ့ အသိစိတ်ကို မေ့ပစ်နိုင်ဖို့နဲ့ သက်သောင့်သက်သာရှိစေဖို့ တတ်နိုင်သမျှ အားပေးကူညီဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top