Healthy Life Ad
Life Style

ကမ္ဘာကျော်အနုပညာရှင်အချို့၏ အသားအရေ ထိန်းသိမ်းနည်းများ

၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊

ဗစ်တိုးရီးယားဘက်ခမ်း၊ ကင်မ်ကာဒါရှိန်းတို့လို ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ အရေပြားအထူးကု ဆရာဝန် ဒေါက်တာလန်ဆာက အသားအရေ ထိန်းသိမ်းနည်းတွေကို အခုလို ပြောကြားထားပါတယ်။

– ကလေးရှမ်ပူဖြင့် မျက်နှာသစ်ခြင်း
အခြေခံကျပြီး ထိရောက်မှုရှိတဲ့ မျက်နှာသစ်ဆေးအတွက် အကောင်းဆုံး ရွေးချယ်သင့်တာက ရိုးစင်းတဲ့ ကလေးသုံး ရှမ်ပူပဲ ဖြစ်ပါတယ်။ ဒါက မျက်နှာအသားအရေကို စပ်ဖျဉ်းဖျဉ်း မဖြစ်စေဘဲနဲ့ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။

– မဝယ်မီ စမ်းသပ်ခြင်း
သင့်အသားအရေကိုစပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်တဲ့အလှကုန်ပစ္စည်းတွေပေါ်မှာ ငွေအကုန်ခံမယ့် အစား မဝယ်ခင်လက်မောင်းအတွင်းရှိ နူးညံ့တဲ့ အရေပြားမှာ အနည်းငယ် စမ်းသပ်လိမ်းကြည့် လိုက်ပါ။ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ နီမြန်းတာတို့မရှိရင် မျက်နှာ၊ လည်ပင်းစတဲ့ အသား အရေတွေမှာလိမ်းဖို့ သင့်တော်ပါတယ်။

– ရေခဲသေတ္တာထဲ သိမ်းခြင်း
အလှအပပစ္စည်းတွေရဲ့ သက် တမ်းကြာကြာခံစေဖို့ ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ အထူးသဖြင့် အရည်အ သွေးကောင်းပြီး ဈေးကြီးတဲ့ အလှကုန် တွေဆိုရင် အနုပညာရှင်တွေက အဲဒီလို ထိန်းသိမ်းတတ်ပါတယ်။


– သန့်စင်ရာမှာ ကြက်သီးနွေး ရေသုံးခြင်း
မျက်နှာကို ကြက်သီးနွေးရေနဲ့ အမြဲသန့်စင် ဆေးကြောပေးပါ။ ပူပြင်းတဲ့ရေနဲ့ ရေနွေးငွေ့ဟာ မျက်နှာအသားအရေရှိ သဘာဝအဆီဓာတ်ကို ကင်းစင်စေပြီး အစိုဓာတ်ကို ခမ်းခြောက်သွားစေနိုင်ပါတယ်။

– လှပစွာ အိပ်စက်ခြင်း
အိပ်စက်စဉ်အတောအတွင်း ကော်လာဂျင် ထွက်ရှိနှုန်း မြင့်တက်လာတတ်ပါတယ်။ အိပ်ရေးဝ၀ မအိပ်စက်ရင်ကော်လာဂျင်အလုံအလောက် မထွက်တဲ့အတွက် ရောင်ရမ်းမှု ဖြစ်လွယ်တတ်ပါတယ်။ အိပ်ရေးဝ၀မအိပ်ရင် လက်ရှိအသားအရေ ပြဿနာတွေကိုပိုဆိုးစေပြီး ရောင်ရမ်းမှုတိုးမြင့်ကာ ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အသားအရေ ထိခိုက်မှု ဖြစ်လွယ်တတ်ပါတယ်။

– အသားအရေကို စနစ်တကျ ထိန်းသိမ်းခြင်း
အသားအရေထိန်းသိမ်းနည်းတွေကို သေချာမသုံးရင် အရေပြားဆဲလ်သေတွေ မကွာကျတော့ဘဲ အရေပြားမျက်နှာပြင်ပေါ် စုပုံနေပါလိမ့်မယ်။ အဲဒီ အခါ ဆဲလ်သစ်ဖြစ်ပေါ်နှုန်းကလည်း သိသိသာသာ နှေးကွေးသွားပါလိမ့်မယ်။ အရေပြားက အသက်ရှိ တဲ့အတွက် ပြောင်းလဲနေပါတယ်။ အသားအရေ ထိန်းသိမ်းမှုကို ရပ်လိုက်တာနဲ့ စတင်ယိုယွင်းလာမှာ ဖြစ်ပါတယ်။


– ပရိုတင်းများသော အစာစားခြင်း
သင့်ဆံပင်၊ လက်သည်းနဲ့ အသားအရေတို့ ကြီးထွားပြု ပြင်ဖို့အတွက် ပရိုတင်းဓာတ် လိုအပ်ပါတယ်။ အမိုင်နို အက်စစ်အယ်လ်လိုင်စင်းနဲ့ အယ်လ်ပရိုလင်းတို့ဟာကော်လာဂျင် အထွက်များစေတဲ့ အတွက် နုပျိုကြည့်ကောင်းတဲ့ အသားအရေကို ဖြစ်စေနိုင်ပါတယ်။ အိုမင်းမှုကိုဟန့်တားပေးနိုင်တဲ့ ပရို တင်းပါတဲ့ အစာတွေက အဆီနည်းအသား၊ အရေခွံမပါတဲ့ အသား၊ ကြက်၊ ဝက်၊ ဘဲ၊ ငါး၊ ဘဲဥ အကာ၊ ကြက်ဥ အကာ၊ ပဲနီလေး၊ ပဲအမျိုးမျိုး၊ အခွံမာစေ့နဲ့ ကောက်နှံစာတို့ ဖြစ်ကြပါတယ်။


– ဆားလျှော့စားခြင်း
ဆားပမာဏနည်းနည်းစားရင် ခန္ဓာကိုယ်အတွက် အကျိုးပြုပေမယ့် ဆားများများစားရင် မွေးညင်းပေါက်တွေကို ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ ဆားအပိုတွေက ချွေးပြန်တဲ့ အခါ အရေပြားကတစ်ဆင့် ထွက်သွားတတ်လို့ပါ။ ဆားများများစားတာကြောင့် ဝက်ခြံပေါက်စေနိုင်တဲ့အတွက် ဆားကိုတတ်နိုင်သမျှ လျှော့စားသင့်ပါ တယ်။


– သခွားသီးကို မမေ့ခြင်း
သခွားသီးမှာ ရေဓာတ်ပါဝင်မှုများတဲ့အတွက် အသားအရေကို အကျိုးပြုပါတယ်။ သခွားသီးခွံမှာပါတဲ့ ဆီလီကာဓာတ်က အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်အထွက်တိုးစေပါတယ်။ ဒါကြောင့် သခွားသီးကို စားပေးပါ။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top