Healthy Life Ad
Life Style

အောင်မြင်စေမည့် နည်းလမ်းကောင်း ၁၀ ရပ်

၊ ငွေကြယ်စင်ယံ ၊

(၁) ကိုယ့်အားသာချက်ကို သိနားလည်ပါ။ အဲဒီအားသာချက်အတိုင်း အသုံးချပါ။

(၂) အတိတ်ကအရှုံးအတွက် တနုံ့နုံ့ဒေါသထွက်မနေပါနဲ့။ သင်ခန်းစာယူပါ။

(၃) အိပ်မက်ကို ရဲရဲကြီးမက်ပါ။ ဘာဖြစ်ချင်တယ်ဆိုတဲ့စိတ်ကူးကို မြင့်မြင့်မားမားထားရှိပါ။

(၄) အလုပ်နဲ့ပတ်သက်ပြီး ကြိုတင်စီမံကိန်းထားရှိပါ။

(၅) လွယ်လွယ်နဲ့ အလျှော့မပေးပါနဲ့။ တကယ်မကြိုးစားရသေးဘဲ နောက်မဆုတ်ပါနဲ့။

(၆) မရပ်မနား လုပ်ဆောင်မယ်ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယထားရှိပါ။

(၇) ဘာကြောင့် မအောင်မြင်ရတာဆိုတဲ့ အကြောင်းပြချက် မထားပါနဲ့။

(၈) ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံစိုက်ပါ။ ခေတ်ကို မျက်ခြေမပြတ်ပါစေနဲ့။

(၉) ပြောင်းလဲသင့်တယ်ထင်တာကို ပြောင်းလဲပစ်ပါ။ မတွန့်ဆုတ်ပါနဲ့။

(၁၀) အလုပ်နဲ့ပတ်သက်ပြီး တစ်နှစ်စာစီမံကိန်း ရေးဆွဲထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top