Healthy Life Ad
International

ဗိုက်ခွဲမွေးမှာကို မိသားစုက လက်မခံသဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ နေ့စေ့လစေ့ကိုယ်ဝန်ဆောင်ထားရတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သန္ဓေသားကြီးထွားလွန်းတာကြောင့် သဘာဝအတိုင်းမွေးဖွားရင် နာကျင်မှာစိုးရိမ်တဲ့ အတွက် ခွဲမွေးဖို့ဆန္ဒရှိခဲ့ပါတယ်။ တရုတ်ဥပဒေအရ ဗိုက်ခွဲမွေးလိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ မိသားစုရဲ့ခွင့်ပြုချက်လိုအပ်ပြီး အဆိုပါအမျိုး သမီးကခွင့်ပြုချက်တောင်းခံခဲ့ရာမှာ မိသားစုက ငြင်းပယ်ခဲ့ပါတယ်။


ဆရာဝန်တွေကစစ်ဆေးခဲ့ရာမှာ သန္ဓေသားရဲ့ဦးခေါင်းကြီးတာကြောင့် ခွဲမွေးဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမျိုးသမီးဟာ ဆေးရုံသို့ လိုက်လာတဲ့မိသားစုဝင်တွေဆီ နှစ်ကြိမ်တိုင်သွား ရောက် တောင်းပန်ခဲ့ပေမယ့် သဘာဝအတိုင်းမွေးဖွားဖို့သာ အတင်းအကျပ် တိုက်တွန်းခဲ့ကြပါတယ်။ များမကြာမီ အဆိုပါ အမျိုးသမီးဟာ ဆေးရုံ ၅ ထပ်အမြင့်မှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။ ကလေးရောမိခင်ပါ အသက် ဆုံးရှုံးသွားကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ အွန်လိုင်းမှာ နာမည်ကြီးသွားခဲ့ပြီး အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်အခွင့်အရေးပိုမိုရရှိသင့်ကြောင်း ဆန့်ကျင်ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ကြောင်း သိရှိရပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top