Healthy Life Ad
Health Tips

နှလုံးကျန်းမာစေမည့် လှည့်ကွက်များ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နှလုံးကျန်းမာစေဖို့ ကိုယ်လက်လှုပ်ရှားမှုကိုလည်းအသင့် အတင့် လုပ်ဆောင်ပေးရပါမယ်။ အချိန်များများမပေးနိုင်ရင် မနက်စာစားပြီး ၁၀ မိနစ်၊ နေ့လယ်စာစားပြီး ၁၀ မိနစ်နဲ့ ညစာစားပြီး ၁၀ မိနစ်လောက် လမ်းလျှောက်ပေးသင့်ပါတယ်။ ဒါ့အပြင် ဆိုဒီယမ်ပါတဲ့ ဆားကို တတ်နိုင်သမျှ လျှော့စားပေးသင့် ပါတယ်။

– ဟင်းခတ်အမွှေးအကြိုင်များ
ဟင်းလျာတွေထဲကို ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး အရသာရှိအောင်ပြင်ဆင်ပါ။ ဟင်းခတ်အမွှေးအကြိုင်တွေက ခြောက်လလောက် သက်တမ်းခံပါတယ်။ ဒီ့ထက်ကြာလာရင်တော့ လွှင့်ပစ်သင့်နေပါပြီ။

– အဆီ
အဆီကြိုက်ရင် အခွံမာစေ့နဲ့ သဘာဝအဆီ (ဥပမာ သံလွင်ဆီ)တွေကိုရွေးချယ်ပါ။ ဒီအဆီတွေက နှလုံးကျန်းမာရေးအတွက် သင့်တော်ပါတယ်။

– ဟင်းသီးဟင်းရွက်နှင့် သစ်သီးစည်သွပ်ဘူးများ
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစည်သွပ်ဘူးတွေ ဝယ်စားတဲ့အခါ ဆားထပ်မထည့်ပါနဲ့။ မစားခင် ရေနဲ့တစ်ကြိမ်ဆေးကြောလိုက်ပါ။

– ကာဗိုဟိုက်ဒရိတ်အစာ
အစာစားတိုင်း ကာဗိုဟိုက်ဒရိတ်ကို အနည်းငယ်ထည့်စားနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်အစာတွေက ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့် စတာတွေဖြစ်ပါတယ်။

– ဆား
နှလုံးကျန်းမာဖို့အတွက် ဆား(ဆိုဒီယမ်)ကို လျှော့စားရမှာ ဖြစ်ပါတယ်။ ဆားက အရည်စုဆောင်းမှုများစေပြီး နှလုံးကို ပိုညှစ်ရတာကြောင့် သွေးတိုးစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top