Healthy Life Ad
Life Style

မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးတွေရဲ့မိန်းမကိုယ်အင်္ဂါမှာကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကော မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကော ရှိနေတတ်ပါတယ်။ မကောင်းတဲ့ ပိုးကကောင်းတဲ့ ပိုးထက်များသွား တဲ့အခါ ကူးစက်ပိုးဝင်တဲ့ အခြေအနေရောက်သွား ပါတော့တယ်။ အဲဒီအခါ အဖြူဆင်းများတာ၊ မီးခိုးရောင်သမ်းတဲ့ အဖြူဆင်းတာ၊ ငါးညှီနံ့နံတာ စတာတွေဖြစ်တတ်သလို မိန်းမကိုယ် နီမြန်းတာ၊ ယားယံတာနဲ့ ရောင်ရမ်းတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဆီးသွားတဲ့အခါ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာတွေလည်း ခံစားရတတ်ပါတယ်။

လိင်ဆက်ဆံဖော်များတဲ့အခါ ဘက်တီးရီးယား ပိုးဝင်နိုင်ခြေများတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းရင်လည်း ဖြစ်တတ်ပါတယ်။ စီးကရက်သောက်တာ၊ အရက်အလွန်အကျွံသောက်တာတွေကြောင့်လည်း မိန်းမကိုယ်ပိုးဝင်တတ်ပါတယ်။ ဒီလိုပိုးဝင်တဲ့လက္ခဏာတွေ ခံစားရတဲ့အခါ အမြန်ဆုံးသက်သာရာရစေဖို့ အိမ်တွင်းကုထုံးတွေကို မျှဝေလိုက်ပါတယ်။


သဘာဝဆေး (၁) ဒိန်ချဉ်
ဒိန်ချဉ်က အူလမ်းကြောင်းကျန်းမာစေတဲ့အပြင် မိန်းမကိုယ်ပိုးဝင်တဲ့အခြေအနေကိုလည်း သက်သာစေပါတယ်။ ဒိန်ချဉ်မှာကောင်းတဲ့ ဘက် တီးရီးယားပါဝင်တာကြောင့် နေ့တိုင်း ဒိန်ချဉ်သောက်တဲ့အမျိုးသမီးတွေက ဘက်တီးရီးယား ပိုးဝင်နိုင်ခြေ လျော့နည်းတတ်ပါတယ်။ အကောင်းဆုံးက ဒိန်ချဉ်ကို ဘာမှမရောဘဲ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။


သဘာဝဆေး (၂) လက်ဖက်ဆီ (Tea Tree Oil)
လက်ဖက်ဆီမှာ အစွမ်းထက်ပိုးသတ်အာနိ သင်ပါဝင်နေပါတယ်။ ရေဇလုံတစ်ခုထဲ လက်ဖက် ဆီအစက်အနည်းငယ်ထည့်ကာမွှေပါ။ ပြီးရင်မိန်းမ ကိုယ်နေရာကို အဲဒီရေနဲ့ ဆေးကြောပေးလိုက်ပါ။ အကောင်းဆုံးအစွမ်းရဖို့ တစ်နေ့တစ်ကြိမ်နဲ့ သုံး-လေးပတ်ဆက်တိုက်ပြုလုပ်ပေးရပါမယ်။

သဘာဝဆေး (၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းရှိတာကြောင့် မိန်းမကိုယ်ပိုးဝင်တာကို သက်သာစေပါတယ်။ ကြက်သွန်ဖြူကိုထောင်းပြီး ထမင်းစားတဲ့အခါ ထည့်စားပေးပါ။

သဘာဝဆေး (၄) လက်ဖက်အိတ်
လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) သောက်တဲ့အမျိုးသမီးတွေမှာ လက်ဖက်အိတ်လေးတွေ ပိုနေတတ်ပါတယ်။ အဲဒီလက်ဖက်အိတ်နှစ် အိတ်ကို ရေနွေးနဲ့ စက္ကန့်အနည်းငယ်ကြာ စိုစွတ်အောင် လုပ်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ ခဏတာ အအေးခံကာ မိန်းမကိုယ်ပေါ် အချိန် ၁၀ မိနစ်ကြာ တင်ထားပေးပါ။ မိန်းမကိုယ်ပိုးဝင်တာကို အမြန်သက်သာစေပါတယ်။


သဘာဝဆေး (၅) နွားနို့
ကြွက်သားတွေကို သန်စွမ်းစေတဲ့ နွားနို့မှာ ဘက်တီးရီးယားပိုးဝင်တာကို သက်သာစေတဲ့ အစွမ်းရှိပါတယ်။ နွားနို့ထဲ ဝါဂွမ်းစစိမ်ပြီး မိန်းမ ကိုယ်ပေါ် တင်ထားပေးပါ။ မိနစ်အနည်းငယ်ကြာ တင်ထားပေးပါ။ ညအိပ်ရာဝင်ခါနီးမှာ နွားနို့ပူပူတစ်ဖန်ခွက်ထဲ နနွင်းမှုန့် လက်ဖက်စားဇွန်းတစ် ဇွန်းထည့်ကာ သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top