Healthy Life Ad
Life Style

Beauty Blogger နေခြည်ဦး၏ အသားအရေ ထိန်းသိမ်းမှုပုံစံ

‘အသားအရေထိန်းသိမ်းရာမှာ ရေဓာတ်ကောင်းကောင်းဖြည့်ပေးစေချင်ပါတယ်’

၊ အေးမို့မို့ဇော် ၊

ဒီနေ့ခေတ် မိန်းကလေးတွေကြား ရေပန်းစားလာတဲ့ Beauty Blogger နေခြည်ဦးက သူရဲ့ တစ်နေ့တာ အသားအရေထိန်းသိမ်းမှုပုံစံနဲ့အတူ တခြားအမျိုးသမီးတွေကို ကျန်းမာရေးနဲ့အလှအပအတွက် နည်းလမ်းကောင်းတွေကိုအခုလို မျှဝေထားပါတယ်။

“မနက်မိုးလင်းရင် ရေကျက်အေးတစ်ခွက် သောက်တယ်။ ပြီးရင် Gym သွားတယ်။ Gym သွားတယ်ဆိုတာ တမင်သက်သက်သွားတာထက် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုဖြစ်အောင် ချွေးထွက်တဲ့အပိုင်းတွေပိုလုပ်တယ်။ ထိန်းသိမ်းမှုအပိုင်းကတော့ Body Lotion ပိုပြီးလိမ်းဖြစ်တယ်။ အလုပ်များတာနဲ့ Gym တွေကို မသွားဖြစ်တဲ့အခါကျတော့ Body Scrub, Body Treatment သိပ်မလုပ်ဖြစ်ဘူး။ နေရောင်အောက်မှာ အလုပ်လုပ်နေရတဲ့ သူတစ်ယောက်၊ ခရီးသွားနေရတဲ့သူတစ်ယောက် အနေနဲ့ Body Lotion လိမ်းပြီး ခန္ဓာကိုယ်ကိုထိန်း သိမ်းတာရှိတယ်။ မျက်နှာကတော့ Skin Care မဖြစ်မနေလုပ်ပါတယ်။ Moisturising အဓိက လုပ်တယ်။ ညဆိုရင် Night Cream လိမ်းတယ်။အိမ်မှာပဲ လေးလုပ်ပြီး နေခြည်ထိန်း သိမ်းဖြစ်ပါတယ်။


အလှအပကိုစိတ်ဝင်စားတဲ့ အမျိုးသမီးတေ ွအများကြီးရှိပါတယ်။ ဒါပေမဲ့ အခုလို ခေတ်ကြီးမှာ မိတ်ကပ် Product ေတွအများကြီးဝင်လာတဲ့အချိန်မှာ တချို့ဆိုရင် ဘယ်ဟာက ဘာမှန်းမသိတာတွေရှိတယ်။ အဲ့ဒီတော့ Skin Care မှာဆိုရင် Cleansing ကောင်းကောင်းလုပ်ရမယ်။ Moisturising ကောင်းကောင်းလုပ်ရမယ်။ ဒီ၂ချက်က အဓိကပါ။အခုမှ စပြီး Skin Care လုပ်ချင်တဲ့သူတွေအနေနဲ့ နေခြည်က တစ်အချက် ရေများများသောက်စေချင်တယ်။ နှစ်အချက် အသားအရေကို အမြဲတမ်း Cleansing လုပ်စေချင်တယ်။ သုံးအချက် အပြင်သွားပြီဆိုတာနဲ့ Moisturising လိမ်းစေချင်တယ်။လေးအချက်အနေနဲ့ Body ပိုင်းကိုကျတော့ Sum Cream ပါပြီး Moisturising အရမ်းကောင်းတဲ့ Body Lotion ကို နေ့စဉ် လိမ်းပေးစေချင်ပါတယ်။

မျက်နှာမှာ လူတစ်ယောက်ရဲ့ မိတ်ကပ်လိမ်းရင် အကောင်းဆုံးက Skin Care အရမ်းကောင်းဖို့လိုတယ်။ကိုယ့်ရဲ့ Skin Care ကိုဂရုစိုက်တဲ့နေရာမှာ ရေဓာတ်အများကြီးပါတဲ့ အစားအစာမျိုး ဖြည့်ပေးရမယ်။ ခန္ဓာကိုယ်မှာဆိုရင် သွေးလည်ပတ်မှု ကောင်းအောင် အမြဲလုပ်ပေးနေရမယ်။ ဘာလို့လဲဆို အခုဆိုရင် မိန်းကလေးတော်တော်များများက ဖုန်းတွေပဲ အမြဲသုံးနေတော့ ကိုယ်လက်လှုပ်ရှားမှုမလုပ်နိုင်\တော့ဘူး။ ပန်းခြံတွေမှာလည်း ပြေးတာတွေမရှိတော့ဘူး။ Gym တွေလည်း မိန်းကလေး တော်တော်များများ မဆော့ဖြစ်ကြဘူး။အဲ့ဒီလိုတွေမလုပ်နိုင်ဘူးဆိုရင်တောင် နေခြည်က ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်တာ၊ ကိုယ့်ရုံးက အထပ်မြင့်မြင့်မှာ ရှိရင်ဓာတ်လှေကား မသုံးဘဲနဲ့ရိုးရိုးလှေကားနဲ့ သွားတာမျိုးတွေလုပ်စေချင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို Body Lotion လိုမျိုးနဲ့ အိမ်မှာပဲတတ် နိုင်သမျှ Skin Careလုပ်စေချင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top