Healthy Life Ad
International

၈၇ ရက်ခြားပြီးမွေးဖွားခဲ့တဲ့ အမြွှာညီအစ်မကျောင်းစတက်

၊ မိုးမင်းထွန်း ၊

အိုင်ယာလန်နိုင်ငံမှ အသက် ၃၈ နှစ်အရွယ် မာရီယာဟာ ၂၀၁၂ ခုနှစ်က ကိုယ်ဝန် ၂၆ ပတ်အရောက်မှာ ဗိုက်နာလာခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံရောက်ပြီး နာရီပိုင်းအကြာမှာရေမြွှာပေါက်ခဲ့ပြီး သူရဲ့အမြွှာကလေးတွေ အသက်ရှင်နိုင်ခြေအလွန်နည်းပါးကြောင်း ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။


နှစ်ရက်ကြာမွေးခန်းထဲမှာ နေခဲ့ရပြီး ဇွန်လ ၁ ရက်နေ့မှာ ကိုယ်အလေးချိန် ၁ ပေါင် ၃ အောင်စသာရှိတဲ့ ပထမသမီးငယ် ကေသီကို မွေးဖွားနိုင်ခဲ့ပါတယ်။ ထူးဆန်းစွာပဲ မာရီယာရဲ့ဝမ်းဗိုက်နာတာရပ်သွားခဲ့တာကြောင့် ဆရာဝန်တွေတောင် အံ့အားသင့်ခဲ့ရပါတယ်။ ကလေးတစ်ယောက်ကို အရေးပေါ်အခန်းထဲမှာထားရပြီး နောက်တစ်ယောက်ကိုဝမ်းဗိုက်ထဲမှာ ဆက်လက်ထားရှိရတဲ့ ထူးဆန်းထိတ်လန့်စရာအဖြစ် ကိုကြုံတွေ့ခဲ့ရပါတယ်။ နောက်ထပ် ၅ ပတ်အကြာမှ ပထမသမီးငယ် အေမီကို စတင်ပွေ့ချီနိုင်ခွင့်ရခဲ့တယ်လို့ မာရီယာကပြောပြပါတယ်။


သြဂုတ်လ ၂၇ရက်နေ့မှာ မာရီယာဟာ ကိုယ်အလေး ချိန် ၅ ပေါင် ၁၀ အောင်စရှိတဲ့ ဒုတိယ အမြွှာသမီးငယ် ကေ တီကိုမွေးဖွားနိုင်ခဲ့ပါတယ်။ ကလေးရဲ့ ကျန်းမာရေးအခြေ အနေကောင်းမွန်တာကြောင့် စိတ်သက်သာရာရခဲ့ပါတယ်။ ခက်ခဲတဲ့ကာလတွေ ဖြတ်သန်းခဲ့ပြီး ကျန်းမာတဲ့ အမြွှာသမီး နှစ်ယောက်ရရှိခဲ့တဲ့အတွက် ကမ္ဘာ့ကံအကောင်းဆုံးမိခင် တစ်ယောက်အဖြစ်ခံစားမိကြောင်း မာရီယာက ပြောပြခဲ့ပါတယ်။ အခုအခါမှာ အေမီနဲ့ကေတီညီအစ်မနှစ်ယောက်ဟာ ကျောင်းစတက်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

(Ref; MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top