Healthy Life Ad
Health Tips

ဗီတာမင်ဒီကြွယ်ဝသောအစားအစာများ စားသုံးပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ကြောင်းသိရ

၊ အေးမို့မို့ဇော် ၊

ဗီတာမင်ဒီကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ကြောင်း နိုင်ငံပေါင်း ၁၄နိုင်ငံရှိ လူနာ၁၁၀ဝ၀အား Queen Mary University of London မှ သုတေသနပညာရှင်များမှ လေ့လာစမ်းသပ်ထားသည့် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဗီတာမင်ဒီသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သည့် တုပ်ကွေး၊ အအေးမိ၊ ဖျားနာခြင်း၊ ရင်ကျပ်ရောဂါနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ ဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ကြောင်း၊ လူကြီးနှင့်ကလေးများကို တုပ်ကွေးနှင့်ဖျားနာခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်းသိရသည်။

Queen Mary University of London မှ သုတေသနပညာရှင်များက လေ့လာစမ်းသပ်ထားသည့် တွေ့ရှိချက်များသည် နှစ်စဉ်ရာသီအလိုက်ဖျားနာမှုများကိုကာကွယ်ရန် ကိုယ်ခံအားကောင်းမွန်မှုမှာ အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သည့် မြန်မာနိုင်ငံနှင့် အထူးပင်သက်ဆိုင်မှုရှိကြောင်း၊ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများ၌ ၇၀ ရာခိုင်နှုန်းသော ကလေးငယ်များသည် သံဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်စီတို့အပြင် ဗီတာမင်ဒီကဲ့သို့သော အရေးကြီး အာဟာရဓာတ်များ လုံလောက်စွာမရရှိခြင်း တို့ကြုံတွေ့နေရကြောင်း အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံဒေသတွင်းမှ ကလေးငယ် ၁၆၀ဝ၀အားလေ့လာခဲ့သည့် FrieslandCampina (Dutch Lady) ၏ ပထမဦးဆုံး အာဟာရလေ့လာမှုတွင် ဖော်ပြထားကြောင်း သိရသည်။

‘နေရောင်ခြည် ဗီတာမင်’ ဟု ခေါ်ဆိုကြသည့် ဗီတာမင်ဒီသည် အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်း၌ ရောဂါပိုးဝင်ရောက်ကူးစက်ခြင်းမှ လျှော့ချပေးနိုင်ကြောင်းနှင့် နေပူဆာလှုံခြင်း (သို့မဟုတ်) ဖြည့်စွက်စာစားခြင်းဖြင့် ဗီတာမင်ဒီကို ရရှိနိုင်သော်လည်း နေရောင်ခြည်ရရှိမှုအားနည်းသော ဆောင်းရာသီနှင့် မိုးရာသီများတွင်မူ ဗီတာမင်ဒီကို အစားအစာမှရယူသင့်သည်ဟု ကျွမ်းကျင်ပညာရှင်များက အကြံပြုခဲ့ကြောင်း သိရသည်။

နို့နှင့်နို့ထွက်ပစ္စည်းများဖြစ်သည့် ဒိန်ချဉ်၊ ချိစ်၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုးနှင့် မှိုတို့သည် ဗီတာမင်ဒီဓာတ်ကြွယ်ဝသော အစားအစာများဖြစ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာတုပ်ကွေးရောဂါမှ ကာကွယ်ပေးကြောင်း သိရသည်။ ထို့အပြင် နွားနို့သည် ဗီတာမင်ဒီဓာတ်ရရှိနိုင်သည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး နွားနို့ထဲတွင် အရည်အသွေးမြင့်မားသည့် ပရိုတင်း၊ ကယ်လ်စီယမ်နှင့် အခြားသောဗီတာမင်ဓာတ်များစွာပါဝင်သည့်အတွက် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ကိုယ်ခန္ဓာကို ကျန်းမာကြံ့ခိုင်စေကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top