Healthy Life Ad
International

အဝလွန် တရုတ်ဘိုးဘိုး ကာယဗလ ချန်ပီယံဖြစ်လာ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၅၇ နှစ်အရွယ် ပန်ရှီပင်းဟာ လွန်ခဲ့တဲ့ ၃ နှစ်က ကိုယ်အလေးချိန် ပေါင် ၃၅၀ ကျော်ရှိပြီး အဝလွန်တာကြောင့် သွေးတိုးရောဂါခံစားနေရပါတယ်။ ခါးဆစ်လွဲတာကြောင့် အိမ်ကနေ ဘယ်မှမသွားနိုင်ခဲ့ပါဘူး။ ပုံမှန်ဆေးဝါး မှီဝဲနေရပါတယ်။


နောက်ပိုင်းမှာ ပန်ဟာ ကာယကြံ့ခိုင်ရေးပြုလုပ်တဲ့အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံမိပြီး သူတို့ကြောင့်အား ကစားပြုလုပ်တာကို စတင်နိုင်ခဲ့ပါတယ်။ အားကစားရုံကိုသွားရောက်ကာ လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပြီး ကိုယ်အလေးချိန် ပေါင် ၆၆ ပေါင်လျှော့ချနိုင်ခဲ့ပါတယ်။ သွေးဖိအား၊ ကိုလက်စထရောနဲ့ သွေးတွင်း သကြားပမာဏဟာ ပုံမှန်အဆင့်အထိ တဖြည်းဖြည်း ရောက်လာခဲ့တာကြောင့် ဆေးသောက်တာတောင် လုပ်စရာမလိုတော့ပါဘူး။ ဒီနှစ်ဇွန်လက မြို့နယ် ကီလို ၆၀ တန်းကာယဗလပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ဒီအတန်းက အသက် ၂၀ ကျော်လူငယ်တွေယှဉ်ပြိုင်လေ့ရှိတဲ့ အမျိုးအစားဖြစ်ပြီး နောက်ဆုံးပွဲမှာ အသက် ၂၀ ကျော် လူငယ်နှစ်ယောက်နဲ့ ယှဉ်ပြိုင်ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ခရိုင်အဆင့်ပြိုင်ပွဲမှာတော့ အဆင့် ၅ ချိတ်ခဲ့တယ်လို့ သိရပါတယ်။


မြေးတွေရနေပြီဖြစ်တဲ့ အဘိုးပန်ရှီပင်းက ပုံမှန်အရွယ်ထက် ၁၅ နှစ်လောက်ပိုမိုငယ်ရွယ်သွားတယ်လို့ ခံစားမိကြောင်းပြောပြပါတယ်။ ပန်က မနက်တိုင်း တစ်နာရီကြာအားကစားပြုလုပ်လေ့ရှိပြီး တစ်နေ့ မိနစ် ၄၀ ပြေးလေ့ရှိကြောင်းသိရပါတယ်။ သူက နောက်တစ်ခါ ခရိုင်အဆင့်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားကြောင်း ပြောပြခဲ့ပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top