Healthy Life Ad
Women

၂၉နှစ်ရှိပြီဖြစ်သော်လည်း ကလေးမျက်နှာလိုအပြစ်ကင်းနုပျိုနေဆဲ မွန်းဂျွန်ရန်း

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီး မွန်းဂျွန်ရန်းဟာ ကလေးသရုပ်ဆောင်ဘဝနဲ့ ကိုရီးယား ရုပ်ရှင်လောကထဲ ဝင်ရောက်လာသူဖြစ်ပြီး အခု အသက် ၂၉နှစ်အရွယ်ရှိတဲ့တိုင် ကလေးမျက်နှာနဲ့ အပြစ်ကင်းစင်နုပျိုနေဆဲဖြစ်ပါတယ်။ သူရဲ့ နုပျိုလှပတဲ့ လျှို့ဝှက်ချက်ကို လေ့လာကြည့်ရအောင်။

(၁) အဆီနှင့် ခရင်မ်ကို မကြာခဏ အသုံးပြုခြင်း
မျက်နှာကိုကြည့်ပြီး အသက်အရွယ်ကို မခန့်မှန်းနိုင်အောင် မွန်းဂျွန်ရန်းက အိုမင်းမှုတား အလှကုန်တွေကို ပုံမှန်သုံးလေ့ရှိသူပါ။ အဆီနဲ့ခရင်မ်ကို ပုံမှန်သုံး တာကြောင့် မျက်ဝန်းတစ်ဝိုက်အရေးကြောင်းကင်းရတာ ဖြစ်ပါတယ်။

(၂) ပျားရည်၊ ရွိုင်ရယ်ဂျယ်လီပါ အိုမင်းမှုတားခရင်မ် သုံးခြင်း
မျက်နှာအသားအရေတင်းရင်းဖို့နဲ့ တစ်နေ့တာမှာ ထိခိုက်သွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်နိုင်ဖို့ ပျားရည်၊ ရွိုင်ရယ်ဂျယ်လီပါတဲ့ အိုမင်းမှုတား ခရင်မ်ကို သုံးလေ့ရှိပါတယ်။

(၃) မျက်နှာကို စနစ်တကျ သန့်စင်ခြင်း
အသားအရေကြည်လင်ပြီး တောက်ပနေစေဖို့ မွန်းဂျွန်ရန်းက မျက်နှာကို စနစ်တကျ သန့်စင်လေ့ရှိပါသတဲ့။

(၄) အစိုဓာတ်ထိန်းခြင်း
အသားအရေ သန့်စင်ပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ်ကို ကောင်းကောင်း လိမ်းလေ့ရှိသူပါ။

(၅) ဘဝမှာ ရိုးရှင်းစွာ နေထိုင်ခြင်း
နုပျိုတဲ့ ကလေးမျက်နှာပိုင်ဆိုင်ဖို့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးတဲ့အခါ မွန်းဂျွန်ရန်းက အခုလိုဖြေပါတယ်။ “နုပျိုချင်ရင် ငယ်ရွယ်တဲ့သူတစ်ယောက်လို နေထိုင်ပါ။ ကျွန်မရုပ်က ကလေးဆန်ဆန်ရှိရတာက ကျွန်မရဲ့ဘဝနေထိုင်မှုပုံစံက အလွန်အမင်းရိုးရှင်းလွန်းလို့ပါပဲ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top