Healthy Life Ad
Local

မွေးစမှ ၆လအောက် ကလေးများအား မိခင်နို့တိုက်ကျွေးနှုန်း မြင့်တက်လာသော်လည်း မီးဖွားပြီး တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးနှုန်း ကျဆင်းလာ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

မွေးစမှ ၆လအောက် ကလေးများအား မိခင် နို့တိုက်ကျွေးနှုန်း မြင့်တက်လာသော်လည်း မီးဖွားပြီး တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးနှုန်း ကျဆင်းလာကြောင်း ၂၇-၈-၂၀၁၈ ရက်နေ့က မန္တလေးမြို့၊ ဟိုတယ်မန္တလေးတွင် ကျင်းပသည့် မြန်မာနိုင်ငံတွင် မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်း လုပ်ငန်းများ မြှင့်တင်ရေးအခမ်းအနားမှသိရသည်။

မြန်မာနိုင်ငံတွင် မွေးစမှ အသက် ၆ လ အောက် ကလေးများအား မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးမှုနှုန်းမှာ ၂၀၁၀ တွင်၂၃.၆% ရှိခဲ့ပြီး ၂၀၁၆ တွင် ၅၁.၂ % အထိ တိုးတက်ခဲ့ကြောင်း၊ သို့သော် မီးဖွားပြီး တစ်နာရီအတွင်း မိခင်နို့တိုက် ကျွေးမှုနှုန်းသည် ၂၀၁၀မှ ၂၀၁၆ အတွင်း ၇၅.၆% မှ ၆၆.၈% သို့ ကျဆင်းခဲ့ကြောင်းနှင့် ကလေး အသက် ၂နှစ်အထိ မိခင်နို့ ဆက်လက်တိုက်ကျွေး မှုနှုန်းနှင့် ကလေးအသက် ၁ နှစ်မှ ၂ နှစ်အတွင်း မိခင်နို့ တိုက်ကျွေးမှုနှုန်းတို့မှာလည်း အနည်းငယ် ကျဆင်းလာသည်ကို တွေ့ရကြောင်း သိရသည်။

မိခင်နို့သည် ကလေးများအတွက် ပထမဦးဆုံး အစာအာဟာရဖြစ်ပြီး မိခင်နို့တိုက်ကျွေးခြင်းဖြင့် က လေးကျန်းမာလျှင် မိသားစုငွေကြေးကုန်ကျမှုနည်း ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအ ထောက်အကူပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြင့်ထွေးကလည်း ပြောကြားထားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ ဖြိုးရေးနှင့် သုတေသနဌာနခွဲမှဦးဆောင်၍ မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းလုပ်ငန်းများ မြှင့်တင် ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်း ခဲ့ကြောင်း၊ အဆိုပါ Becoming Breastfeeding Friendly (BBF) သည် နိုင်ငံများတွင် မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းလုပ်ငန်းများ၏ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေကို သိရှိရန်၊ နိုင်ငံတွင်း မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအရှိန်မြှင့်ဆောင်ရွက်ရန် အကြံပြုချက်များ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲနိုင်စေရန် အကူ အညီပေးလျက်ရှိရာ မြန်မာနိုင်ငံသည် မိခင်နို့စနစ် တကျ တိုက်ကျွေးမှုအခြေအနေတွင် ရမှတ် ၁.၂ မှတ်ဖြင့် ‘အတော်အသင့် ကောင်းမွန်သောအခြေ အနေ’တွင်ရှိသည်ကိုတွေ့ရှိရကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top