Healthy Life Ad
International

၅၉ လက်မအရွယ်အစားအထိ ပူလာတဲ့ ဗိုက်ကြီးကြောင့် အသက်ဆုံးရှုံးသွားမှာ စိုးရိမ်နေတဲ့ အမျိုးသား

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၂၁ အရွယ် ဘီကက်ရှ်ဟာဇာရီကာဟာ ကိုယ်အလေးချိန် ၁၃၄ ပေါင်ရှိပြီး ဝမ်းဗိုက်အရွယ်အစား ၅၉ လက်မအထိ စူထွက်လာတာကြောင့် ပုံမှန်နာကျင်မှုခံစားနေရပါတယ်။ မထနိုင်၊ မထိုင်နိုင်၊ မအိပ်နိုင်ဖြစ်နေတာ ၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ထိုင်ရင်းသာ အိပ်စက်နေရပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က ဆေးစစ်ကြည့်ရာမှာ သူ့မှာ congestive hepatomegaly အမည်ရရောဂါ ဖြစ်ပွားနေကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒီရောဂါက နှလုံးမကောင်းတာကြောင့် အသည်းထဲမှာ သွေးဖွဲ့စည်းတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ သွေးပြန်ကြောဖိအားများလာပြီး သွေးတွေကြောင့် အသည်းရောင်လာတတ်ပါတယ်။ လူနာအများစုမှာ ရောဂါလက္ခဏာမပြသပေယ့် ပြင်းထန်တဲ့အခြေအနေတွေမှာ အသားဝါရောဂါ၊ ဝမ်းဗိုက်အရည်စုဖွဲ့တာ၊ သရက်ရွက်ကြီးတာနဲ့ အသည်းပျက်စီးတာတို့ဖြစ်ပွားစေပါတယ်။ အသည်းလုပ်ငန်းဆောင်တာ ပုံမှန်ဖြစ်ဖို့ နှလုံးပျက်စီးတာကို အဓိကကုသရလေ့ရှိပါတယ်။

ဘီကက်ရှ်ရဲ့ တစ်လချင်းဆေးစရိတ်အတွက် အိမ်ကိုတောင်ရောင်းချထားရတဲ့ ဆင်းရဲတဲ့မိသားစုက ခွဲစိတ်ကုန်ကျစရိတ် စတာလင်ပေါင် ၇၃၀ဝကို မတတ်နိုင်ဖြစ်တာကြောင့် အခြေအနေဟာ ပိုဆိုးလာခဲ့ပါတယ်။ ပုံမှန်ဘဝအတိုင်း နေထိုင်လိုတဲ့ ဘီကက်ရှ်က အစိုးရနဲ့ လူမှုကူညီရေးအဖွဲ့တွေကို ဆေးကုစရိတ်ကူညီပေးဖို့ အကူအညီတောင်းထားကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top