Healthy Life Ad
Local

ပြန်လည်သန်စွမ်းရေးဆိုင်ရာ သုံးနှစ်တာ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းကို SingHealth နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ ပူးပေါင်းဆောင်ရွက်မည်

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

သုံးနှစ်တာ ကျန်းမာရေးစောင့်ရှောက်မှု လေ့ကျင့်သင်ကြားရေးစီမံကိန်းတစ်ခုကို ရန်ကုန်မြို့တွင် စတင်လိုက်ကြောင်း ၃၁-၈-၂၀၁၈ ရက်နေ့က ပြုလုပ်သည့် ထိခိုက်ဒဏ်ရာရရှိမှုမှ ပြန်လည်ထူထောင် နိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးများ မြှင့်တင်ရန်ရည်ရွယ်၍ Singapore Intern-ational Foundation (SIF)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် စင်ကာပူကျန်းမာရေးဝန်ဆောင်မှု (Sing-Health) ပူးပေါင်းပြီး သုံးနှစ်တာကြာမြင့်မည့် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းအစီအစဉ်ကို မြန်မာနိုင်ငံတွင် မိတ်ဆက်သည့်အခမ်းအနားမှ သိရသည်။

“ထိခိုက်ဒဏ်ရာရသူတွေကို ပြန်လည် သန်စွမ်းရေးလုပ်ဖို့အတွက် ဗဟုသုတမျှဝေကြမယ့် ၃ နှစ်တာ ပရော့ဂျက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အကြောအဆစ်နဲ့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးပညာရှင်တွေကို ထပ်ပြီး သင်တန်းတွေ ပေးဖို့ ရယ်၊ အဓိကအားဖြင့် ကျောရိုးမကြီး ထိခိုက်ဒဏ်ရာ ရပြီးတဲ့အခါ ပြန်လည် သန်စွမ်းရေးလုပ်ဖို့ လိုအပ်တဲ့ လူနာတွေ အများကြီး ရှိပါတယ်။ အဲဒီလူနာတွေကို လက်ရှိပေးနေတဲ့ ဆေးကုသမှုတွေထက် ပိုကောင်းပြီး ပိုအဆင့်မြင့်တဲ့ကုသမှုတွေပေးနိုင်ဖို့အတွက် နည်း ပညာပူးပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးပညာ၊ ဌာန မှူး၊ ပါမောက္ခဒေါက်တာခင်မျိုးလှက ပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ထိခိုက်ဒဏ်ရာနှင့် သက်ဆိုင်သော ဆေးကုသမှုခံယူ ရန် ဆေးရုံတက်ရောက်လာသူ နေ့စဉ် ပျမ်းမျှ ၃၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာကုသမှုဌာနတွင် နေ့စဉ် ပျမ်း မျှလူနာဦးရေ ၂၀ဝဦးကို လက်ခံကုသပေးနိုင်ကြောင်း သိရသည်။
ပထမဆုံး မိတ်ဖက်အဖွဲ့အစည်း သုံးခုပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွင်း ဆေးရုံတက် ရောက်မှုများပြားသော အကြောင်းအရာတစ်ခုဖြစ် သည့် ယာဉ်မတော်တဆမှု၊ ပြုတ်ကျမှုနှင့် အခြား သော လုပ်ငန်းခွင်အတွင်း ထိခိုက်မိခြင်းစသည့် ထိ ခိုက်ဒဏ်ရာရရှိမှုများမှ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် မြင့်မားလာ မှုကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကြောင်းသိရ သည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုကို SingHealth မှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံရှိ ဆေးပညာဆိုင်ရာ ပညာရှင် ၁၈၀ ဦးအထိ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကာ ၄င်းတို့မှ ထူးချွန်နည်းပြ ၆၀ ဦး ရွေးချယ်၍ အခြားမြန်မာနိုင်ငံသား ဆေးပညာကျွမ်းကျင်ပညာ ရှင်များအား ပြန်လည်လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top