Healthy Life Ad
Health Tips

ဗိုက်ချပ်စေမည့် တစ်မိနစ်လေ့ကျင့်ခန်း

၊ လရိပ်မေ ၊

စားပွဲတစ်လုံးလို သင်မှီနိုင်မယ့် မျက်နှာပြင်တစ်ခုလိုအပ်ပါတယ်။ အချိန်တစ်မိနစ်ပေးပြီး ဗိုက်ချပ်အောင် လေ့ကျင့်ခန်းပြုလုပ်ရမှာဖြစ်ပါတယ်။

ဘယ်လို ပြုလုပ်ရမလဲ

စားပွဲတစ်လုံးကို ကျောမှီပြီး မတ်မတ်ရပ်ပါ။ ပခုံးတွေကို ဖြောင့်တန်းနေအောင်ထားပြီး မေးစေ့ကို ပုံမှာပြထားတဲ့အတိုင်း မြှင့်ထားပါ။လက်တွေကို ခါးထောက်ပြီး ဘယ်ဘက်လက်ကိုမြှောက်လိုက်၊ ညာဘက်လက်ကို မြှောက်လိုက်တစ်လှည့် စီပြုလုပ်ပေးပါ။ လက်တစ်ဖက်ကိုလေးကြိမ်လောက် ပြုလုပ်ပေးပါ။

ခြေထောက်ကို မူလအနေအထားအတိုင်းပြန်ရပ်ပြီး ဝမ်းဗိုက်ကို ညာဘက်လှည့်ပေးပါ။ လက်တွေက စားပွဲကိုထိရင်း ကိုယ်ဟန်အနေအထားကို ထိန်းညှိပါ။ ဘယ်ဘက်ကိုလည်း တစ်ဖန်ပြန်လှည့်ပေးပါဦး။

ဒီလေ့ကျင့်ခန်းကို နေ့စဉ်နေ့တိုင်း အချိန်တစ်မိနစ်ခန့် ပြုလုပ်ပေးရင် တစ်ပတ်အတွင်းသိသာတဲ့ ကောင်းကျိုးကိုရရှိစေမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top