Healthy Life Ad
Women

မွေးဖွားပြီးပြုပြင်ခြင်း (Repair after delivery)

(ကန်တော့ပါ)
မေး. ဆရာကျွန်မ အသက် ၂၄ နှစ်ပါ။ ကိုယ်ဝန် ၃ လထဲမှာပါ။ ကလေးမွေးတဲ့အခါ ရိုးရိုးမွေးရမလား၊ ခွဲမွေးရမလား ဆုံးဖြတ်ရခက်ခဲနေပါတယ်ဆရာ။ အဒေါ်ဖြစ်သူက ခွဲမွေးခိုင်းပါတယ်ဆရာ။ မိဘတွေကတော့ အသက်ငယ်သေးတော့ ရိုးရိုးပဲမွေးခိုင်းပါတယ်ဆရာ။ အဒေါ်နဲ့သူငယ်ချင်းတွေကခွဲမွေးပါတဲ့။ ရိုးရိုးမွေးတာက မိန်းမကိုယ်အင်္ဂါကျယ်သွားပြီး အချိန်ကြာလာတာနဲ့အမျှ အမျိုးသားဘက်က စိတ်ကုန်လာပါတယ်တဲ့။ သမီးကို အကြံဉာဏ်ပေးပါဦး ဆရာရှင့်။
ကကက

ဒေါက်တာတင့်ဆွေမှ ဖြေကြားပေးပါသည်။

ဖြေ. ရိုးရိုးမွေးရင်မွေးလမ်းချဲ့ရတယ်။ Episiotomy လို့ခေါ်တယ်။ ချဲ့တာကို ပြန်ချုပ်ပေးပါတယ်။ ချဲ့တာမလုံလောက်လို့ဖြစ်ဖြစ် မထင်မှတ်တာကြုံလာလို့ဖြစ်ဖြစ် မွေးနေရင်း ဆက်ချဲ့ရတာလည်း ရှိတတ်တယ်။ တချို့ စုတ်ပြဲတာလည်းရှိတယ်။ ဘယ်လိုဖြစ်ဖြစ် ပြန်ချုပ်ရင် အကောင်းဖြစ်တယ်။ ချုပ်ရိုးအဆင်မပြေတာလည်း ဖြစ်တတ်တယ်။ ဖြစ်တာကိုစနစ်တကျကုသလို့ရတယ်။ အနာကောင်းအောင်စောင့်ပြီး အချိန်ယူပြန်ချုပ်ပေးနိုင်တယ်။ ချဲ့-ချုပ်ပေးတဲ့ဆရာဝန် အတွေ့အကြုံရှိတာကောင်းတယ်။ တခါတလေမှာ အရေးပေါ်လိုချွေးပြန်အောင် လုပ်ရတာမျိုးရှိတယ်။

ခွဲမွေးတာမှာလည်း သတိထားစရာတွေရှိတယ်။ ခါးထုံဆေးကနေ တချို့မှာ နောက်ဆက်တွဲရတတ်တာရှိတယ်။ ဗိုက်-ဆီးစပ်မှာ ချုပ်ရိုးအမာရွတ်ရှိနေမယ်။ တချို့က ကီးလွိုက်ခေါ် ဆိုးတဲ့အမာရွတ်ဖြစ်တယ်။ ဗိုက်ခွဲမွေးတာ (၃)ခါသာ အများဆုံးရမယ်။ အင်္ဂါကျဉ်းလိုရင် အချိန်မရွေးပြင်လို့ရတယ်။ ကြိုက်သလောက် ကျဉ်းပေးနိုင်တယ်။ ဆရာဝန် အတွေ့အကြုံရှိတာကောင်းတယ်။ မွေးလမ်းမှာ အဝနေရာနဲ့ အတွင်းလှိုဏ်ခေါင်းနေရာရှိတယ်။ နှစ်နေရာလုံး အနေတော်ဖြစ်တာကောင်းတယ်။ နှစ်မျိုးလုံးကို ပြင်ဖို့လိုနိုင်တယ်။ လုပ်ပေးလို့ရတယ်။ ဆီးအိမ်-သားအိမ်-အစာဟောင်းအိမ်ကျတာကိုပါ ကောင်းအောင်ပြင်လို့ရတယ်။

နောက်. . ကြွက်သားအားကောင်းသူနဲ့ အားနည်းသူရှိတယ်။ မျိုးဗီဇကိုက ကံကောင်းသူတွေရှိတယ်။ ဗိုက်ကြည့်တာနဲ့ ကလေးမွေးဖူးမှန်းမသိပါ။ တချို့အမျိုးသမီးတွေအသားအရေကောင်းတယ်။ ချုပ်ရိုးအမာရွတ်နည်းနည်းလေးသာထင်တယ်။ အဲလိုမဟုတ်သူတွေလည်းများတယ်။ Stretch marks ခေါ်တဲ့ အကြောပြတ်တာ ကိုယ်ဝန်ရှိကတည်းကဖြစ်တယ်။ ခွဲမွေးသူလည်းဖြစ်တယ်။ အပျိုတွေမှာလည်းဖြစ်ပါတယ်။ အဲဒါပြင်မရပါ။ ဗိုက်ချပ်ဆေး၊ မွေးလမ်းကျဉ်းဆေး အဲဒါတွေ အားလုံးက အကြံအဖန်တွေသာဖြစ်တယ်။ ဘယ်လိုမွေးမွေး ကီဂယ်လေ့ကျင့်ခန်းလိုတယ်။ အနေအထိုင်လိုတာရှိတယ်။ ပိုတက်ဆီယမ်နည်းတာရှိတယ်။ မျိုးဗီဇကလည်း အရေးပါတယ်။ ကျန်းမာရေးမှာ မှန်ကန်တဲ့အသိလိုတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top