Healthy Life Ad
Health Tips

အလုပ်လုပ်ရင်း ကိုယ်အလေးချိန် မြင့်တက်လာရသည့် အဓိကအကြောင်းရင်းငါးရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အထိုင်များတဲ့ အလုပ်လုပ်သူတွေက ကိုယ်အလေးချိန်တက်တဲ့ ပြဿနာကို မလွဲမသွေ ရင်ဆိုင်ရတတ်ပါတယ်။ အလုပ်ထိုင်ခုံမှာ ထိုင်ပြီး နာရီပေါင်းများ စွာအလုပ်လုပ်တာကြောင့် ခန္ဓာကိုယ်မှာ သက်ရောက်မှုဖြစ်တတ်ပါတယ်။


အကြောင်းရင်း (၁)
ဗိုက်ပြည့်ပေမယ့်လည်း အဖော်ကောင်း ရင်လိုက်စားဖြစ်ခြင်း

လုပ်ဖော်ကိုင်ဖက်ရဲ့မွေးနေ့ပွဲ၊ လုပ်ဖော်ကိုင်ဖက်ထည့်လာတဲ့ မုန့်စတာတွေကိုအကြောင်းပြုပြီး လုပ်ငန်းခွင်မှာ စားလေ့ရှိတာက ကိုယ်အလေးချိန် မြင့်တက်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ ဗိုက်ပြည့်နေပေမယ့် ပန်းကန်ထဲ အစာနည်းနည်းထပ်ထည့်ပြီး စားဖြစ်ရင်တောင် ခါးတုတ်ဗိုက်ပူဖြစ်လာနိုင်ပါတယ်။


အကြောင်းရင်း (၂)
အစီအစဉ်မရှိဘဲစားခြင်း

မနက်ခင်းမှာ တစ်နေ့လုံး ဘာတွေ စားသောက်ဖို့ စီစဉ်ထားတဲ့သူတွေအတွက် နေ့လယ်စာစားတဲ့အခါ ဘယ်အစာကို ဘယ်လောက်ပမာဏပဲ စားမယ်ဆိုပြီး ကြိုတင်ရေးဆွဲထားတတ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တာက ပင်ပန်းပြီး အလုပ်ကို ခက်ခက်ခဲခဲလုပ်ရရင် ပီဇာ အသေးတစ်ချပ်မှာစားမယ့်အစား အကြီးတစ်ချပ်စားဖြစ်သွားတတ်ပါတယ်။


အကြောင်းရင်း (၃)
အခန်းအပူချိန်နဲ့ အလင်းရောင်က သင့်စားချင်စိတ်ကိုလှုံ့ဆော်ပေးနေခြင်း

ခပ်မှိန်မှိန်အလင်းရောင်ရှိတဲ့အခန်းက အစာစားချင်စိတ်ကို အားပေးတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ အခန်းအ လင်းရောင်ကလင်းနေရင် အစာစားချင် စိတ်နည်းစေပါတယ်။ မကြာခဏ ဗိုက်ဆာတတ်ရင် လေကောင်းလေသန့်ရပြီး နေသာတဲ့နေရာမှာ လမ်းခပ်သွက်သွက် လျှောက်ပေးလိုက်ပါ။


အကြောင်းရင်း (၄)
နာရီပေါင်းများစွာ အလုပ်လုပ်ရခြင်း

နာရီပေါင်းများစွာ အလုပ်လုပ်ရင်လည်း ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိပါတယ်။ အလုပ်လုပ်ချိန်များပြီး အိပ်ရေးပျက်တာကြောင့် အစာစား ချင်စိတ်ကိုထိန်းညှိတဲ့ ဟော်မုန်းတွေကို ထိခိုက်စေပါတယ်။ ဒီနည်းနဲ့ အစာစား ချင်စိတ်တိုးလာတတ်ပါတယ်။ အလုပ်ချိန်များများလုပ်ရသူတွေအနေနဲ့ အပြင်ထွက်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိရင် အထပ်မြင့်ကို လှေကားကနေတက်ပါ၊ နီးရင်ဘတ်စ်ကားမစီးဘဲလမ်းလျှောက်ပါ။


အကြောင်းရင်း (၅)
စိတ်ဖိစီးမှုများခြင်း

လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများလွန်းတာက ကိုယ်အလေးချိန်မြင့်တက်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုပါ။ စိတ် ဖိစီးမှုများတာကြောင့် ကော်တီစော ဟော်မုန်းအဆင့် မြင့်တက်လာပြီး အဆီနဲ့ သကြားစားချင်စိတ်တိုးလာလို့ဖြစ်ပါတယ်။ စိတ်ဖိစီးမှုပြေလျော့ဖို့ လေ့ကျင့်ခန်းလုပ်ပါ၊ အိပ်ရေးဝ၀အိပ်ပါ။ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းပြုလုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top