Healthy Life Ad
Health Tips

အယ်လ်ကာလီပါတဲ့ အစာနဲ့ အက်ဆစ်ဓာတ်ပါတဲ့ အစာ

မေး။ ။ လူတစ်ယောက် ကျန်းမာသန်စွမ်းစေဖို့ အယ်လ်ကာလီဓာတ်ပါတဲ့ အစားအစာနဲ့ အက်ဆစ်ဓာတ်ပါတဲ့ အစားအစာစတဲ့ ဓာတ်နှစ်မျိုးကိုမျှတစွာ စားသုံးဖို့ လိုတယ်လို့သိရပါတယ်။ အဲဒါ ဘယ်လိုအစားအစာတွေလဲဆိုတာ သိပါရစေ။

ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

အယ်ဒီတာအဖွဲ့

ဖြေ။ ။ အယ်လ်ကာလီဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေက ဟင်းနုနယ်ရွက်၊ ကိုက်လန်ရွက်၊ ငှက်ပျောသီး၊ ကန်စွန်းဥ၊ တရုတ်နံနံပင်၊ မုန်လာဥနီ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ချယ်ရီသီး၊ သစ်တော်သီး၊ ခရမ်းသီး၊ နာနတ်သီး၊ ရွှေဖရုံသီး၊ စတော်ဘယ်ရီသီး၊ ပန်းသီး၊ ဖရဲသီးစတာတွေဖြစ်ပါတယ်။

အက်ဆစ်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေက ဘီယာ၊ ပေါင်မုန့်၊ ဆီကြော်စာတွေ၊ သကြားပါတဲ့သစ်သီးဖျော်ရည်တွေ၊ ရေခဲမုန့်၊ ခေါက်ဆွဲအဖြူ၊ အချဉ်တည်ထားတဲ့ သနပ်တွေ၊ ပင်လယ်စာတချို့၊ အချိုရည်၊ သကြား၊ ဝိုင်၊ ချိုလွန်းတဲ့ ဒိန်ချဉ်၊ စားပွဲတင်ဆား၊ ဟော့ဒေါ့မုန့်စတာတွေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top