Healthy Life Ad
Local

BPI မှ ဆေးဝါးအသစ် ၆မျိုး မိတ်ဆက်

၊မေ၊

BPI ဆေးဝါးစက်ရုံမှ ဆေးဝါးအသစ် ၆မျိုးနှင့် လက်သန့်ဆေးရည်တို့ကို မိတ်ဆက်ခဲ့ပြီး အဆိုပါ ဆေးများကို ယခုနှစ်အတွင်း ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း အင်းစိန် BPI ဆေးဝါးစက်ရုံမှ စက်ရုံမှူး ဒေါက်တာအောင်ဇော်ထံမှ သိသည်။

ကြွက်သားရောင်ရမ်းခြင်းအတွက် ကုသသည့် ဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ HIVနှင့် အသည်းရောင် အသားဝါဘီပိုး ကုသသည့်ဆေး၊ သွေးတွင်းအဆီချဆေး၊ အရေပြားနှင့်ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆိုင် ရာများအတွက် ပိုးသတ်ဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး စသည့်ဆေး ၆မျိုးနှင့်လက်သန့်ဆေးရည် ၁မျိုးတို့ဖြစ်ကြောင်း BPI မှ သိရသည်။

“အဓိက Customer ၃ခုရှိပါတယ်။ ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာနရယ်၊ ကာကွယ်ရေးဝန် ကြီးဌာနရယ်နဲ့ ဈေးကွက်ထဲကလက္ကားဆိုင်တွေပေါ့။ အရေအတွက်ကိုတော့ ဈေးကွက်အပေါ် မူတည်ပြီး ထုတ်လုပ်သွားမှာဖြစ်တယ်”ဟု စက်ရုံမှူးဒေါက်တာ အောင်ဇော်က ပြောကြားသည်။

BPI ဆေးဝါးများကိုထုတ်လုပ်ခဲ့သည်မှာ နှစ် ပေါင်း ၆၀ကျော်ရှိပြီး နိုင်ငံတော်အတွက်လိုအပ်သော ဆေးဝါးမှားကို နှစ်စဉ်တိုးမြှင့်ထုတ်လုပ်လျက်ရှိသည့် အပြင် BPI ဆေးဝါးများကို အရောင်းကိုယ်စားလှယ် များအနေဖြင့် တစ်နိုင်ငံလုံးတွင်ဆိုင်ခွဲပေါင်း ၂၈ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းသိရသည်။ ထို့ပြင် ပုဂ္ဂလိကဆေးရုံအသင်းနှင့် ချိတ်ဆက်ရောင်းချပေးနေသည့်အပြင် City Mart၊ Orange Super-center၊ Capital Mart များရှိဆေးဆိုင်များတွင် လည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

BPI ဆေးဝါးစက်ရုံအနေဖြင့် ၂၀၁၇ခုနှစ်အတွက် စုစုပေါင်းဆေးဝါးတန်ဖိုး ၃၉ဘီလီယံကိုထုတ် လုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ဆေးဝါးစုစုပေါင်းအမျိုး ပေါင်း ၂၀ဝ ကျော်ကိုထုတ်လုပ်လျက်ရှိကြောင်းသိရသည်။
_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top