Healthy Life Ad
Health Tips

ဖောလစ်အက်စစ်အကြောင်း သိကောင်းစရာ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဖောလစ်အက်စစ်က ဗီတာမင်ဘီ တစ်မျိုးပါ။ ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာ ဆဲလ်သစ်တွေဖြစ်ပေါ်ဖို့ ဖောလစ်အက်စစ်ကို သုံးပါတယ်။ လူတိုင်း လူတိုင်းက ဖောလစ်အက်စစ်ကို လိုအပ်နေပါတယ်။

ဖောလစ်အက်စစ်၏ အရေးပါပုံ
ဖောလစ်အက်စစ်က အရေးပါတဲ့ ဗီတာမင်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ်မှီဝဲတာဟာ ကလေး တွေရဲ့ဦးနှောက်နဲ့ ကျောရိုးမကြီးတွေမှာ မွေးရာပါချို့ယွင်းမှုတွေ မဖြစ်ပေးအောင် ၅၀- ၇၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ နေ့စဉ် ဖောလစ်အက်စစ်ကို ၄၀ဝ မိုက်ခရိုဂရမ် လောက်မှီဝဲသင့်ပါတယ်။

ဖောလစ်အက်စစ်ကို စတင်မှီဝဲသင့်သည့် အချိန်
နေ့စဉ်နေ့တိုင်း အမျိုးသမီးတွေဟာ ဖောလစ်အက်စစ် ၄၀ဝ မိုက်ခရိုဂရမ်ကို မှီဝဲသင့်ကြောင်း၊ အနည်းဆုံးတော့ ကိုယ်ဝန်မဆောင်ခင် တစ်လအလိုကတည်းက စတင်မှီဝဲသင့်ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက တိုက်တွန်းထားပါတယ်။
ကိုယ်ဝန်မဆောင်ခင်ကတည်းက အမျိုးသမီးတွေဟာ ဖောလစ်အက်စစ်ကို နေ့စဉ်မှီဝဲပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိရှိ၊ မရှိရှိ မှီဝဲနိုင်ပါတယ်။ အကြောင်းကတော့ ကျန်းမာနေတဲ့ ဆဲလ်သစ်တွေ ဖြစ်ပေါ်ဖို့အတွက် ဖောလစ်အက်စစ်ကို လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။ အရေပြား၊ ဆံပင်နဲ့လက်သည်း ခြေသည်းတွေ အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဟာ နေ့စဉ်နေ့တိုင်း ဆဲလ်သစ်တွေ ပြုလုပ်နေပါတယ်။

ဖောလစ်အက်စစ်မှီဝဲလျှင်
နေ့စဉ်ဖောလစ်အက်စစ် မှီဝဲတဲ့အခါမှာ သင့်ခန္ဓာကိုယ်ကနေ အလုံအလောက်ရရှိစေဖို့ အောက်ပါနည်းလမ်း တွေကို လိုက်နာပေးသင့်ပါတယ်။

(၁) ဖောလစ်အက်စစ်ပါသော မာလ်တီ ဗီတာမင်ကို နေ့စဉ်မှီဝဲပါ
မာလ်တီဗီတာမင်အများစုမှာ အမျိုးသမီးတွေ နေ့စဉ်လိုအပ်တဲ့ ဖောလစ်အက်စစ် အလုံအလောက်ပါဝင်တတ် ပါတယ်။ သေချာအောင် ဗီတာမင်ဖြည့်စွက်ဆေးဝယ်တဲ့အခါ ဖောလစ် အက်စစ် ၄၀ဝ မိုက်ခရိုဂရမ် ပါ၊ မပါ ကြည့်ပြီး ဝယ်ယူပါ။

(၂) နေ့စဉ် ဖောလစ်အက်စစ်ပါသောနံနက်စာ အုတ်ဂျုံကွေကာ စားပါ
အုတ်ဂျုံကွေကာ(Oatmeal)တိုင်းမှာတော့ ဖောလစ်အက်စစ် လုံလောက်တဲ့ပမာဏ မပါတတ်ပါဘူး။ ဖောလစ်အက်စစ် ၁၀ဝ ရာခိုင်နှုန်းပါတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top