Healthy Life Ad
Life Style

၅၀ အရွယ် နစ်ကိုးကစ်မင်းက သူ၏အကောင်းဆုံး အလှအပ ထိန်းသိမ်းနည်းများကို မျှဝေ

လရိပ်မေ

နစ်ကိုးကစ်မင်းဟာ အသက် ၅၀ အရွယ်ရှိပေမယ့် အသားအရေ တင်းရင်း တောက်ပြောင်ပြီး လှပကြည့်ကောင်းနေ ပါတယ်။ အခုအသက်အရွယ်အထိ လှပကြည့်ကောင်းနေရတာနဲ့ ပတ်သက်ပြီး နစ်ကိုးကစ်မင်းက အခုလို ပြောပြထားပါတယ်။

– အလှပြင်တဲ့အခါ ပါးပြင်ကို ပါးနီ ပြေပြေလေး လိမ်းတတ်ပါတယ်။ အဲဒီအခါ ပိုပြီး တောက်ပသွားသလို ခံစားရလို့ပါ။

– မနက်တိုင်း မဖြစ်မနေလိမ်းလေ့ရှိတာက နေကာခရင်မ်ပါ။ နေကာနိုင်စွမ်း SPF ၅၀ပါတဲ့ ခရင်မ်ကို လိမ်းပါတယ်။ “ကျွန်မက အပြင်သွားရတာ သဘောကျပြီး အပြင်မှာ လေ့ကျင့်ခန်းလုပ်လေ့ရှိသူပါ။ မိဘတွေက အရေပြားကင်ဆာ ဖြစ်ဖူးတဲ့အတွက် အရေပြားမှာ နေလောင်ဒဏ် ကျရောက်မှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် အသားအရေကို အလွန်အမင်း ဂရုစိုက်ရပါတယ်”လို့ နစ်ကိုး က ဆိုပါတယ်။

– မိတ်ကပ်အိတ်ကြီးကြီး ဆောင်ထားပြီး အဲဒီအိတ်ထဲမှာ အလှကုန်မျိုးစုံ ထည့်ထားပါတယ်။ “ကျွန်မက တစ်ချိန်လုံး ခရီးသွား နေရတာကြောင့် အိတ်ထဲမှာ အကန့်တွေ နည်းတာကို ရွေးပြီး အလှကုန်ပစ္စည်းတွေကို စုံပြုံထည့်ထားပါတယ်။ များသောအားဖြင့် တစ်ဆင့်ပြီး တစ်ဆင့် သုံးနေရတာမျိုးထက် တစ်မျိုးတည်းသုံးရုံနဲ့ အကုန်လုံးထိရောက်တဲ့ အမျိုးအစားသုံးရတာ ကျွန်မ ပိုသဘောကျပါတယ်။ အချိန်ကုန်သက်သာတာပေါ့ရှင်”လို့ နစ်ကိုးက ပြောပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top