Healthy Life Ad
International

နှစ် ၂၀ ကြာ သွားမတိုက်သည့် အမျိုးသားက သူ့၏ သွားများကို ထုတ်ပြ

၊ ကိုမိုး ၊

ဗြိတိန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ် ဂျေးအမည်ရ လူငယ်ဟာ နှစ် ၂၀ကြာ သွားမတိုက်ခဲ့ဘူးလို့ သိရပါတယ်။ ဂျေးက အမြှုပ်ထတဲ့အချိုရည်တွေ၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို နှစ်နှစ်ခြိုက်ခြိုက်စားလေ့ရှိပါတယ်။ နှစ် ၂၀ ကြာသွားတွေဂရုမစိုက်တာကြောင့် ဂျေးရဲ့သွားကျန်းမာရေးဟာ ဆိုးရွားလာခဲ့ပါတယ်။ သွားတွေ အခြေအနေပိုဆိုးလာတာကြောင့် သွားဆရာဝန်ဆီသွားပြဖို့ ပိုကြောက်လာခဲ့ကြောင်း ဂျေးက ပြောပြပါတယ်။

နောက်ဆုံးမှာ သတ္တိမွေးပြီး ကိုယ့်ရဲ့ ရှက်ရွံ့စရာခန္ဓာကိုယ်ရောဂါအကြောင်း ဆရာဝန်တွေနဲ့တိုင်ပင်ကုသနိုင်တဲ့ Embarrassing Bodies အမည်ရ တီဗွီအစီအစဉ်မှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အစီအစဉ်မှာ ဂျေးရဲ့သွားတွေကို ဆရာဝန်တွေမကြည့်ခင် သွားသန့်ရှင်းရေးအရင် ပြုလုပ်ခဲ့ရပါတယ်။ ဂျေးရဲ့သွားတွေပြသခဲ့ရာမှာတော့ သွားတွေက တုံးတိတွေဖြစ်နေကြပြီး သွားချေးတွေ ဖုံးအုပ်နေတာကိုတွေ့ရှိခဲ့ပါတယ်။ဆရာဝန်တွေက ဂျေးရဲ့ပျက်စီးနေတဲ့ သွား ၁၁ ချောင်းကိုနှုတ်ခဲ့ရပြီး နည်းပညာမြင့်သွားအစားထိုးမှုပြုလုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျေးဟာ သွားအသစ်တွေညီညီညာညာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စွာ ပြုံးပြလာနိုင်ခဲ့ပါတယ်။ ပုံမှန်သွားတိုက်ဖို့နဲ့ သွားဆရာဝန်နဲ့ သွားကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ ဆရာဝန်တွေက အကြံပေးခဲ့ကြောင်းသိရပါတယ်။

(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top