Healthy Life Ad
Child

ကလေး ဝမ်းချုပ်တဲ့ ပြဿနာ

မေး ။ ကျွန်တော့်သားလေး ၁နှစ် ၂လရှိပါပြီ။ ဝမ်းကို သုံးရက်တစ်ခါ ချူပေးနေရတယ်။ ဝမ်းမချူရင် မသွားဘူး။ ဘာတွေလုပ်ဖို့လို့အပ်ပါလဲ အကြံပေးပါဦး ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Naw Si (Fb)

ဒေါက်တာငြိမ်းအေးဝင့် (ကလေးအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ဒီအရွယ်ကလေးတွေမှာ ဝမ်းချုပ်တတ်တာ တွေ့ရလေ့ရှိတဲ့ အလေ့အထပါ။
ဝမ်းမှန်မှန်သွားအောင်-
၁။ ရေများများတိုက်ပါ၊
၂။ အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက်၊ အသီး အနှံတွေကျွေးပါ၊
၃။ အကျိုးပြုဘက်တီးရီးယား (Probiotics) ပါတဲ့ အစားအစာတွေ (ဥပမာ- ဒိန်ချဉ်)ကျွေးပါ။
၄။ Movicol ဆေးကိုတစ်နေ့မှာ ၂ထုပ်မှ ၃ ထုပ်ခန့် ကလေးဝမ်းချုပ်တဲ့ အခြေအနေပေါ်လိုက်ပြီး ဆေးတိုက်လို့ ရပါတယ်။
၅။ ဝမ်းချုပ်ရုံမဟုတ်ဘဲ တခြားရောဂါလက္ခဏာ တွေပါဖြစ်လာရင်တော့ (ဥပမာ- ဗိုက်နာရင်၊ အန် ရင်၊ ဖျားရင်) ကလေးအထူးကုဆရာဝန်နဲ့ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top