Healthy Life Ad
Life Style

ခရီးသွားနှစ်ဦးနှင့် ကျေးဇူးရှင်

စူး ၊ (ဆေးဝါးတက္ကသိုလ်)

နွေရာသီရဲ့ နေ့တစ်နေ့မှာ လူနှစ်ယောက် လမ်းလျှောက်ထွက်လာကြတယ်။ လျှောက်ရင်း လျှောက်ရင်း အင်မတန်ပူပြင်းပြီး ချွေးထွက်လာတာကြောင့် အနီးအနားက သစ်ပင်ကြီး တစ်ပင်အောက်မှာ အရိပ်ခိုရင်း နားနေလိုက်ကြတယ်။
သစ်ပင်ရဲ့ သစ်ကိုင်းတွေကို မော့ကြည့်ရင်း လူတစ်ယောက်က တခြားတစ်ယောက်ကို ပြောလိုက်တယ်။
“ဘယ်လောက်အထိ တန်ဖိုးမဲ့တဲ့ သစ်ပင်လဲ ကြည့်စမ်း . . ဘာသစ်သီးမှ မရှိဘူး၊ ငါတို့ စားစရာသစ်သီး မပြောနဲ့ အခွံမာအစေ့အဆန်တောင် မရှိဘူး။ ဘာမှ အသုံးမဝင်ဘူး”
နောက်တစ်ယောက်က ငြိမ်းချမ်းစွာ ပြန်ပြောတယ်။
“ကျေးဇူးကန်းတဲ့ စကား မပြောပါနဲ့ သူငယ်ချင်းရာ . . အခုလောလောဆယ်တော့ မင်းနဲ့ ငါ နှစ်ယောက်စလုံး အတွက် အလွန်ကို တန်ဖိုးရှိတယ်လေ၊ သူ့အရိပ်သာမရှိရင် နေပူကျဲတဲကြီးမှာ ငါတို့ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေလိုက်မလဲ”
ဘဝခရီးမှာ ဒီလို လူနှစ်မျိုးကို သင်မကြာခဏ တွေ့ရမှာပါ။ နံပါတ်တစ်လူမျိုးက ကိုယ်ကူညီနေပါရက်နဲ့ ပိုပြီး အကူအညီလိုချင်တဲ့သူ . . ကိုယ်အကူအညီမပေးနိုင်တဲ့အခါမှာ ကျေးဇူးကန်းစကား ပြောလေ့ရှိတဲ့သူ၊ နံပါတ်နှစ်လူမျိုးကတော့ ကိုယ့်စေတနာကို နားလည်ပြီး အသိအမှတ်ပြုတဲ့သူ . .
ဘဝခရီးလျှောက်လှမ်းရာမှာ ကိုယ်ကိုယ်တိုင်လည်း နံပါတ်နှစ်လိုလူမျိုးဖြစ်အောင် ကျင့်ကြံရင်း ကျေးဇူးတရားကို မမေ့လျော့ဖို့လည်း အရေးကြီးလှပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top