Healthy Life Ad
International

အမျိုးသမီးတစ်ဦး၏ မျက်လုံးထဲမှ မျက်ကပ်မှန် ၂၇ ခုတွေ့ရှိ

မိုးမင်းထွန်း

ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်ရှိ မျက်စိခွဲစိတ်ဆရာဝန်တွေက မျက်စိအတွင်းတိမ် ခွဲစိတ်မှုပြုလုပ်ဖို့ ပြင်ဆင်နေစဉ် လူနာအမျိုးသမီးရဲ့ မျက်လုံးထဲမှ မျက်ကပ်မှန် ၂၇ ခုကို တွေ့ရှိခဲ့ပါတယ်။ မျက်လုံးထဲမှာ စုပုံနေတဲ့ မျက်ကပ်မှန်တွေကြောင့်လို့ မရိပ်မိဘဲ မျက်စိခြောက်သွေ့တာ၊ အသက်ကြီးတာတွေကြောင့် သူရဲ့မျက်လုံး မသက်မသာခံစားနေရတယ်လို့သာ အသက် ၆၇ နှစ်အရွယ်အမျိုးသမီးက ယူဆခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့ပေမယ့် ဗြိတိသျှဆေးပညာဂျာနယ်မှာ ယခုမှသာ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

အစပိုင်းမှာ မျက်ကပ်မှန် ၁၇ ခုသာတွေ့ရှိခဲ့ပြီး နောက်ပိုင်းစစ်ဆေးချက်အရ နောက်ထပ် ၁၀ ခု တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီလောက်များတဲ့ပမာဏစုပုံနေပေမယ့် ဝေဒနာကြီးကြီးကျယ်ကျယ်မခံစားရ တာကြောင့် ဆရာဝန်တွေတောင် အံ့အားသင့်ခဲ့ကြပါတယ်။ လူနာက တစ်လတစ်ခါလဲလှယ်ရတဲ့ မျက် ကပ်မှန်တွေတပ်ဆင်နေတာ ၃၅နှစ်ကြာခဲ့ပြီဖြစ်ပြီး မျက်ကပ်မှန်တွေပျောက်ဆုံးနေတာကို သတိမပြုခဲ့ ဘူးလို့ဆိုပါတယ်။

မျက်ကပ်မှန်တွေ ဖယ်ထုတ်ပြီးနောက် မျက်စိအတွင်းရောင်ရမ်းမှုအန္တရာယ်ရှိတာကြောင့် အတွင်း တိမ်ခွဲစိတ်မှုကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ မျက်ကပ်မှန်တွေ ဖယ်ထုတ်ပြီး နောက်နှစ်ပတ်အကြာမှာ အမျိုးသမီးရဲ့ မသက်မသာခံစားနေရတဲ့ မျက်စိဝေဒနာ ပျောက်ကင်းသွားပြီး အတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

[Unicode]
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top