Healthy Life Ad
International

သက်ကြီးဖခင်တို့၏ သားများက ပိုမိုထူးချွန်တတ်

၊ မိုးမင်းထွန်း ၊

မိသားစုဘဝစတင်တာ နောက်ကျလေ့ရှိသူ အမျိုးသားတွေမှာ ဉာဏ်ရည်ထူးချွန်တဲ့ သားတွေပိုင်ဆိုင်ဖို့ အလားအလာပိုရှိတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အရင်ကလေ့လာမှုတွေအရ အသက်ကြီးသူတွေရဲ့ သုက်ကောင်တွေဟာ မျိုးဗီဇအပြစ်ဖြစ်စေတာနဲ့ ကလေးတွေမှာ အော်တစ်ဇင်နဲ့ စိတ်ကစဉ့်ကလျားရောဂါဖြစ်ပွားဖို့ ရာခိုင်နှုန်းပိုများတာစတဲ့ မကောင်းတဲ့ဆိုးကျိုးတွေကိုသာ တွေ့ရှိထားကြတာပါ။ ကင်းကောလိပ်လန်ဒန်မှ သုတေသီတွေက အမြွှာ ၁၅၀ဝ၀ ရဲ့ ဖွံ့ဖြိုးမှုအပေါ် လေ့လာခဲ့ကြတာဖြစ်ပါတယ်။

အသက် ၁၂ နှစ်အရွယ်ကစပြီး အိုင်ကျူ၊ အကြောင်းအရာတစ်ခုပေါ်မှာ စိတ်စူးစိုက်နိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးမှာ တစ်သီးတစ်သန့်နေတာ စတဲ့အချက်တွေကိုကြည့်ပြီး ထူးချွန်အညွှန်းကိန်း တွက်ထုတ်ခဲ့ကြပါတယ်။ အသက်ကြီးတဲ့ ဖခင်တွေရဲ့သားတွေဟာ အမှတ်ပိုမိုကောင်းမွန်ကြပြီး ကျောင်းမှာအထူးသဖြင့် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာဘာသာနဲ့ သင်္ချာဘာသာတို့မှာ ထူးချွန်ကြတာကို တွေ့ရှိရပါတယ်။

မိသားစုဘဝစတင်ဖို့ နောက်ကျသူအမျိုးသားအများစုဟာ ထူးချွန်တတ်တာ၊ လစာကောင်းတဲ့အလုပ်တစ်ခု ပိုင်ဆိုင်ကာ ကလေးကို ပညာကောင်းကောင်းသင်ပေးနိုင်တာနဲ့ အသက်ကြီးတဲ့အမျိုးသားတွေမှာ ကလေးဖွံ့ဖြိုးမှုကို သက်ရောက်စေတဲ့ သုက်ကောင်ထဲမှ ဆဲလ်မျိုးကွဲမှုအသစ်ဖြစ်တာစတဲ့ အချက် ၃ချက်ကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း သုတေသီတွေက ယူဆထားကြပါတယ်။ အသက်ကြီးတဲ့ ဖခင်ဆီမှရရှိတဲ့ မျိုးဗီဇလက္ခဏာအမျိုးအစားတစ်ခုမှ မျိုးဗီဇအနည်းငယ်ရရှိတဲ့ တချို့ကလေးတွေမှာ ထူးချွန်တတ်ကြပြီး ဒီလိုမျိုးဗီဇအများကြီးဆက်ခံရရှိသူ တချို့ကလေးငယ်တွေမှာ အော်တစ်ဇင်လိုရောဂါတွေဖြစ်ပွားနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ယူဆနေကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top