Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ(၁၀)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာ ရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန် တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်က ဟုတ်ကတွေကို လွဲမှားစွာ ယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှု များနှင့်ပတ်သက်ပြီး အမှန်လေလား အမှားလား ဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန် ဖော်ပြပေးပါမည်။ယခုတစ်ပတ်တွင် လိင်မှတစ်ဆင့်ကူးစက်တတ် သော ရောဂါများဆိုင်ရာယုံကြည်မှုများကို ဖော်ပြ ဆွေးနွေးပေးပါမည်။

ယုံကြည်ချက် (၁)
‘လိင်မှတစ်ဆင့် ကူးစက် တတ်သောရောဂါများသည် ဆင်းရဲပြီး စာရိတ္တပျက်စီးသူများတွင်သာဖြစ်နိုင်သည်’
မှားသည်။ အများအားဖြင့် စာရိတ္တမကောင်းသူ၊ အပျော်အပါးလိုက်စားသူများတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများရှိနိုင်ခြေများသော် လည်း သည်လိုရောဂါများသည် လူတန်းစားအလွှာ မရွေးဖြစ်နိုင်ခြေရှိပါသည်။ လိင်ဆက်ဆံရာတွင် ကွန်ဒုံးမသုံးခြင်း၊ သုံးသည့်တိုင် မှန်မှန်ကန်ကန်မသုံး စွဲခြင်းများရှိလျှင် မည်သူမဆို လိင်မှတစ်ဆင့်ကူး စက်တတ်သော ရောဂါများအန္တရာယ်ရှိပါသည်။ မျက်စိဖြင့် ကြည့်ရုံသက်သက်ဖြင့် ရောဂါမရှိလောက်ပါဘူး၊ သန့်ပါတယ်ဟု လျှော့တွက်၍မရပါ။ သွေးစစ်ကြည့်မှသာ တိတိကျကျသိနိုင်ပါသည်။ ထို့ကြောင့် မည်သူ့ကိုမှ လျှော့မတွက်စေလိုပါ။

ယုံကြည်ချက် (၂)
‘စအို သို့မဟုတ် ပါးစပ်ဖြင့် ဆက်ဆံခြင်းသည် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကူးစက်နိုင်ခြင်းမရှိပါ’
မှားပါသည်။ လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများသည် ပုံမှန် လိင်ဆက်ဆံမှ ကူးစက်တတ် သည် မဟုတ်ပါ။ ကိုယ်ခန္ဓာမှထွက်သော အရည်မှန် သမျှတွင် ရောဂါပိုးများပါဝင်နေနိုင်ပြီး တစ်နည်း နည်းဖြင့် ထိတွေ့မိလျှင် ရောဂါရနိုင်ပါသည်။ ပါးစပ်နှင့် စအိုနံရံရှိ အမြှေးပါးများမှာ သာမန်အရေပြားကဲ့သို့ ထူထဲမှုမရှိသဖြင့် ထိခိုက်ဒဏ်ရာရလွယ်ပါသည်။ ထို့ ကြောင့် စအို သို့မဟုတ် ပါးစပ်ဖြင့် ဆက်ဆံခြင်းသည် ပုံမှန်ဆက်ဆံခြင်းထက်ပင် ပို၍လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကူးစက်နိုင်ပါသည်။

ယုံကြည်ချက် (၃)
‘အများသုံးအိမ်သာခွက်ကြောင့် လိင်မှတစ် ဆင့် ကူးစတ်တတ်သောရောဂါများဖြစ်နိုင်သည်’
မှားသည်။ အများသုံးအိမ်သာမသန့်ပါက ရောဂါများကူးစက်နိုင်ခြေရှိသော်လည်း လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးများ မပါဝင်ပါ။ လိင်မှ တစ်ဆင့် ကူးစက်တတ်သည့် ရောဂါပိုးများမှာ ပြင်ပ တွင်ခဏမျှသာ ရှင်သန်နိုင်ပြီး အိမ်သာထဲတွင် ရှိနေသည့်တိုင် အရေပြားတွင် ပွန်းပဲ့မှုရှိမှ၊ တစ်နည်းနည်း ဖြင့် လိင်အင်္ဂါအတွင်းပိုင်းသို့ ရောက်ရှိနိုင်မှသာ ရောဂါရနိုင်မည့် သဘောဖြစ်ပါသည်။ ထို့ကြောင့် အများ သုံးအိမ်သာများကြောင့် လိင်မှတစ်ဆင့် ကူးစက် တတ်သော ရောဂါများရနိုင်ခြေမရှိဟု ဆိုနိုင်ပါသည်။

ယုံကြည်ချက် ၄
‘တစ်ကြိမ်တစ်ခါတည်းဖြင့် လိင်မှတစ်ဆင့်ကူး စက်တတ်သော ရောဂါများမဖြစ်နိုင်ပါ’
မမှန်ပါ။ ဂနိုရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ ကလိုင် မိုင်းဒီးယားရောဂါကဲ့သို့သော လိင်မှတစ်ဆင့်ကူးစက် တတ်သည့် ရောဂါများရှိသူတစ်ဦးဦးနှင့် လိင်ဆက်ဆံမိပါက တစ်ကြိမ်တစ်ခါတည်းပင် ဖြစ်စေကာမူ ၃၀ရာခိုင်နှုန်းအထက် ကူးစက်နိုင်ခြေရှိပါသည်။ အခြေအနေအရပ်ရပ်ပေါ်မူတည်ကာ တစ်ကြိမ်တည်းပင်ဖြစ်လင့်ကစား ကြောက်စရာ ရောဂါဆိုးများကို တစ်သက်လုံး ပိုင်ဆိုင်သွားစေနိုင်ပါသည်။

ဂနိုရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ ကလိုင်မိုင်းဒီးယား ရောဂါကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်တတ် သည့် ရောဂါများရှိသူတစ်ဦးဦးနှင့် လိင်ဆက်ဆံမိ ပါက တစ်ကြိမ်တစ်ခါတည်းပင် ဖြစ်စေကာမူ ၃၀ ရာခိုင်နှုန်းအထက် ကူးစက်နိုင်ခြေ ရှိပါသည်။ အခြေ အနေအရပ်ရပ်ပေါ်မူတည်ကာ တစ်ကြိမ်တည်းပင် ဖြစ်လင့်ကစား . . .

ယုံကြည်ချက် ၅
‘ရေကူးကန် သို့မဟုတ် ရေချိုးကန်ထဲတွင် ဆက်ဆံပါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမကူးစက်နိုင်ပါ’
မှားပါသည်။ တချို့က ရေကူးကန်၊ ရေချိုးကန် စသည်တို့တွင် ကလိုရင်းခတ်ထားသည့်အတွက် လိင်မှတစ်ဆင့် ကူးစက်တတ်သော ပိုးများသေကြေ နိုင်သည်ဟုမှတ်ထင်တတ်ကြပါသည်။ တကယ်တမ်းတွင် ရေအပူချိန်ကြောင့် ရောဂါပိုးများ အသက်ပိုကြာ ကြာရှည်နိုင်ခြေပင်ရှိပါသည်။ ထို့ကြောင့် မည်သည့် နေရာတွင် ဆက်ဆံသည် ဖြစ်စေ စိတ်ချရစေရန် အကာအကွယ် ကွန်ဒုံးကို မှန်ကန်တိကျစွာသုံးဖို့ လိုပါသည်။

ယုံကြည်ချက် ၆
‘ကွန်ဒုံးနှစ်ခုသုံးခြင်းဖြင့် ပိုမိုကာကွယ်မှုရစေသည်’
မှားသည်။ တစ်ထပ်တည်းကို စိတ်မချသူများက နှစ်ထပ်စွပ်ခြင်းဖြင့် ပိုမို စိတ်ချရသည်ဟု ထင်တတ်ကြသည်။ အမှန်ကပြောင်းပြန်ဖြစ်သည်။ ကွန်ဒုံးနှစ်ခု ထပ်စွပ်ပါက ထိုနှစ်ခုကြားတွင် ပွတ်တိုက်မှု ဖြစ်ကာ ပေါက်ပြဲနိုင်မှု၊ ကွဲထွက်နိုင်မှု ဖြစ်နိုင်ခြေပိုများစေ သည်။ ထို့ကြောင့် တစ်ခုတည်းသုံးခြင်းက ပိုကောင်းသည်။ ပိုထိရောက်သည်။

ယုံကြည်ချက် ၇
‘ပြင်ပတွင်သုတ်လွှတ်ပါက လိင်မှတစ်ဆင့်ကူး စက်တတ်သော ရောဂါများ မကူးနိုင်ပါ’
မှားပါသည်။ တချို့က နောက်ဆုံးထွက်သော သုက်ရည်များတွင်သာ ရောဂါပိုးပါသည်ဟု ထင်တတ်ကြသည်။ အမှန်မှာ လိင်အင်္ဂါမှထွက်သော မည်သည့်အရည်တွင်မဆို ရောဂါပိုးများပါနိုင်သည်။ ထို့ကြောင့် အပြင်တွင် သုက်လွှတ်စေကာမူ ရောဂါပိုး ကူးစက်နိုင်ခြေက လျော့မသွားပါ။

ယုံကြည်ချက် ၈
‘လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါ များသည် တစ်ခါကူးစက်ပြီးပါက ထပ်မကူးနိုင်ပါ’
မမှန်ပါ။ အိပ်ချ်အိုင်ဗီပိုး၊ ရေယုန်ပိုးများသည် တစ်ကြိမ်ကူးစက်ခံရပြီးပါက တစ်သက်လုံး ကိုယ် တွင်းတွင် ရှိနေနိုင်ပါသည်။ ဂနိုပိုး၊ ဆစ်ဖလစ်ကာလ သားပိုးများမှာ ကူးစက်ခံရပြီး ပျောက်ကင်းအောင် ကုသပြီးပါကလည်း နောက်တစ်ခါ ထိတွေ့မိလျှင် ထပ်မံကူးစက်ကာ ရောဂါရနိုင်ပါသေးသည်။ ကလိုင် မိုင်ဒီးယားရောဂါပိုးဆိုလျှင် နောက်ထပ်တစ်ဖန်ထပ် မံကူးစက်ခံရပါက မျိုးပွားအင်္ဂါများကိုပင် ပိုမိုပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် တစ်ခါကူး စက်ခံထားဖူးသည့်တိုင် နောက်ထပ်ထပ်ဖြစ်နိုင်သေး သည်ကို သတိပြုစေလိုပါသည်။

ယုံကြည်ချက် ၉
‘လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကို ပဋိဇီဝဆေးများဖြင့် ကုသနိုင်သည်’
ရောဂါအမျိုးအစားပေါ် မူတည်ပါသည်။ ဘက်တီးရီးယားကြောင့် ဖြစ်သော ရောဂါများဖြစ်သည့် ဆစ်ဖလစ်ကာလသားရောဂါ၊ ဂနိုရောဂါ၊ ကလိုင်မိုင် ဒီးယားပိုးများဖြစ်ပါက ပဋိဇီဝဆေးများဖြင့် ကုသနိုင် ပါသည်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါက ရောဂါလက္ခ ဏာသိသာထင်ရှားစွာ မပြတတ်ဘဲ ရောဂါပြင်းထန် လာမှသာ သတိထားမိတတ်သည့်အပြင် ဗိုင်းရပ်စ် သတ်ဆေးများမှာလည်း ထိရောက်မှုနည်းပြီး ကာလ တာရှည်ကုသရတတ်ပါသည်။ ရေယုန်ပိုး၊ အိပ်ချ်အိုင်ဗီပိုးများဖြစ်ပါက တစ်သက်လုံး ပိုးဆက်လက်ရှိ နေမည်ဖြစ်ပြီး လိင်ဆက်ဆံဘက်များကို ဆက်လက် ကူးစက်သွားနိုင်ပါသည်။ ပဋိဇီဝဆေးများဖြင့် ကုသ နိုင်သည့် ဘက်တီးရီးယားကြောင့်ဖြစ်သည့် ရောဂါ များဖြစ်သည့်တိုင် ပဋိဇီဝဆေးများဖြင့် ကုသနိုင်သည် ဆိုသော်လည်း ရောဂါကြောင့် ထိခိုက်ပျက်စီးမှုများကို နဂိုအတိုင်း ပြန်ကောင်းအောင် မတတ်စွမ်းနိုင်သည် ကို သတိထားမိစေလိုပါသည်။ ထို့ကြောင့် ကူးချင်လည်းကူး၊ ပြီးမှ ဆေးကုမယ်ဆိုပြီး မမိုက်ကြမိဖို့ သတိပေးလိုပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top