Healthy Life Ad
International

HIV ရှိနေကြောင်း ကလေးဘဝကတည်းက မှားယွင်းစမ်းသပ်ခံခဲ့ရသည့် အမျိုးသမီးက ကျန်းမာရေးဝန်ကြီးဌာန ကိုတရားစွဲတော့မည်

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှ ဆူဒီဒါဆာ အန်းဆူမက်ဟာ အသက် ၈ နှစ်အရွယ်တုန်းက HIV ရှိတယ်လို့ မှားယွင်းစစ်ဆေးပေးခံခဲ့ရတာကြောင့် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို တရားစွဲတော့မယ်လို့ သိရပါတယ်။

ရောဂါရှိတယ်ထင်တာကြောင့် ရွယ်တူကလေးတွေရဲ့ ရှောင်ဖယ်တဲ့ဒဏ်ကို ခံစားခဲ့ရပြီး အနိုင်ကျင့်စော်ကား ခံရကာ စိတ်ဒဏ်ရာရရှိခဲ့တယ် လို့ပြော ပါတယ်။ ညတိုင်း တစ်ယောက်တည်း ကြိတ်ငိုခဲ့ရကြောင်းနဲ့ ခံစားခဲ့ရတဲ့ဒဏ်ရာတွေကို ငွေနဲ့လဲလှယ်လို့မရနိုင်ဘူးလို့ ပြောပြပါတယ်။

မှားယွင်းစမ်းသပ်ခံရပြီးကတည်းက ဆူဒီဒါဟာ anti-retroviral(ART) ဆေးကို နေ့တိုင်းသောက်သုံးခဲ့ရပါတယ်။
ဆူဒီဒါဟာ အိမ်ထောင်ပြုခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်က ကိုယ်ဝန်ရှိလာတာကြောင့် သွေးစစ်ဆေးမှုခံယူခဲ့ရာမှာတော့ သူ့မှာ HIV ဗိုင်းရပ်စ်မရှိဘူးဆိုတာ သိရှိခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အရင်က ဖူးခက်မှာနေထိုင်တဲ့ သူနာပြုတစ်ယောက်ဟာလည်း အလားတူအဖြစ်အပျက်မျိုးကြုံတွေ့ခဲ့ဖူးပြီး သွေးစစ်ဆေးပေးတဲ့ ဆရာဝန်ကိုတရားစွဲဆိုရာမှာ အမှုနိုင်ခဲ့တယ်လို့သိရပါတယ်။ ဆူဒီဒါကို စစ်ဆေးပေးခဲ့တဲ့ ဆရာဝန်နဲ့ဆေးရုံအမည်ကိုတော့ လူသိရှင်ကြားထုတ်ဖော်ပြောကြားမထားဘူးလို့လည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top