Healthy Life Ad
Humour

ဆေးကြောင့် ဖြစ်နေတာပါ

ခွဲစိတ်ခန်းထဲက မေ့ဆေးအရှိန်ကြောင့် သတိမရတစ်ချက်၊ ရတစ်ချက်ဖြစ်နေသော ယောကျာ်းဘေးတွင် မိန်းမဖြစ်သူကစောင့်လျက်ရှိသည်။ အချိန်နည်းနည်းကြာသော် ယောကျာ်းဖြစ်သူ သတိတစ်ချက်ရလာသည်။

“ ယောကျာ်း . . . ကျွန်မဘေးမှာရှိတယ်… ရှင်နေလို့ကောင်းရဲ့လား . . .”
“အင်း … မင်းအရမ်းကိုလှနေပါလား မိန်းမ”
စကားပြောပြီး ယောကျာ်းဖြစ်သူ သတိပြန်မေ့သွားပြန်သည်။ မိမိကိုလှတယ်လို့ မပြောတာအတော် ကြာပြီဖြစ်သောကြောင့် မိန်းမဖြစ်သူ ပျော်လျက်ရှိသည်။ သိပ်မကြာခင် ယောကျာ်းနောက်တစ် ခါသတိတစ်ချက်ရလာပြန်သည်။

“မိန်းမ … မင်းကြည့်ရတာ သိပ်မဆိုးဘူး…”
စကားပြောပြီးသတိပြန်မေ့သွား ပြန်သည်။ မိန်းမဖြစ်သူက ဆရာဝန်ကို ပြောသည်။
“ခုနကတော့ အရမ်းလှတယ်ပြောပြီး… အခုကျတော့ သိပ်မဆိုးဘူးပဲဖြစ်သွားပြန်ပြီ.. သူ ဘာဖြစ်လို့ အမျိုးမျိုးပြောနေတာလဲ ဆရာ…”
“ စိုးရိမ်စရာမရှိပါဘူး… မေ့ဆေးအရှိန်ကြောင့် မူးဝေနေတာတွေ လျော့လာတယ်ဆိုတဲ့ သဘောပါ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top