Healthy Life Ad
International

ရှားပါးမျိုးဗီဇဝေဒနာရှင်အမျိုးသမီးက မော်ဒယ်လ်လောကကို ထိုးဖောက်နေရာယူရန် အဆင်သင့်ဖြစ်ပြီဟုဆို

၊ မိုးမင်းထွန်း ၊

မိတ်ဆွေသူငယ်ချင်းတွေ၊ မော်ဒယ်လ်လောကမှလူတွေက သံသယဝင်ခဲ့ကြပေမယ့် အမေရိကန်ပြည်ထောင်စုမှ အသက် ၂၈ နှစ်အရွယ် မယ်လာနီဂေးဒေါ့စ်ကတော့ သူ့အရည်အချင်းပေါ်မှာ ယုံကြည်မှုအပြည့်ရှိနေပါတယ်။

မွေးရာပါ Ectodermal Dysplasia ခေါ် ရှားပါးမျိုးဗီဇရောဂါကြောင့် ဂေးဒေါ့စ်ရဲ့ခန္ဓာကိုယ် ကောင်းမွန်စွာမဖွံ့ဖြိုးဘဲ ဆံပင်မပေါက်တာ၊ သွား၊ လက်သည်းမရှိတာတို့ကို တွေ့ကြုံခံစားနေရပါတယ်။ ရှက်ရွံ့သိမ်ငယ်စွာနဲ့ကြီးပြင်းခဲ့ပေမယ့် လူတွေစပ်စုတာ၊ အကဲဖြတ်တာ၊ သူ့သွင်ပြင်အပေါ် ကြောက်ရွံ့တာတွေမှာ တုန်လှုပ်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။ ကလေးဘဝတုန်းက အကသင်တန်းတွေ၊ ကျောင်းပြဇာတ်တွေမှာ ပါဝင်ဖူးပြီး ဖျော်ဖြေတင်ဆက်မှုကိုခုံမင်တဲ့ ဂေးဒေါ့စ်က အဘွားရဲ့အားပေးမှုကြောင့် မော်ဒယ်လ်တစ်ယောက်ဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့ပါတယ်။

၂၀၁၁ နယူးယော့ခ်မှာ အနုပညာကျောင်းတက်နေစဉ် မော်ဒယ်လ်အလုပ်ကို စတင်ခဲ့ပြီး ခြောက်နှစ်တာကာလအတွင်း လူတွေရဲ့လက်ခံမှုကို အရင်ကထက်ရရှိလာပြီလို့ ခံစားမိကြောင်းဆိုပါတယ်။ ထူးခြားတဲ့သွင်ပြင်နဲ့ မော်ဒယ်လ်တစ်ယောက်ကို လူတွေလက်ခံလာဖို့ ပိုမိုကြိုးစားဖို့လိုသေးတယ်လို့ ရှင်းပြပါတယ်။ လောကကြီးက တသမတ်တည်း အမြဲမဖြစ်ကြောင်းနဲ့ လူတစ်ယောက်ချင်းမှာ အကန့်အသတ်မဲ့အခွင့်အရေးတွေ၊ ဖြစ်နိုင်ခြေတွေရှိတာကြောင့် လမ်းကြောင်းပေါ် ကြိုးကြိုးစားစားလျှောက်လှမ်းနေဖို့က အရေးကြီးကြောင်း သူ့အဖြစ်အပျက်နဲ့ ဥပမာပြုကာ ဂေးဒေါ့စ်က ပြောပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top