Healthy Life Ad
Q & A

အဖြူမဆင်းတော့ဘဲ လေဆင်းနေတယ် . . .

မေး။ ။ ကျွန်မအရင်က အဖြူတွေအရမ်းဆင်းတာရှင့်။ ပုံမှန်ရာသီလာပြီး ၅ရက်နေရင် နေ့စဉ်အဖြူဆင်း ပါတယ်။ အခုဒီလထဲမှာ အရင်လိုအဖြူ မဟုတ်ဘဲ ဘာမှမပါတဲ့ လေပဲဆင်းနေပါတယ်။ အဲ့ဒါ ဘာလို့အဲဒီလို ဖြစ်တာလဲ၊ ဘယ်လိုချို့ယွင်းချက်ကြောင့် အဲဒီလိုလေပဲ ဆင်းရတယ် ဆိုတာလေး ဖြေကြားပေးပါဦးရှင့်။
မေဇင် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ အများအားဖြင့် အထိန်းကြွက်သားတွေ အားပျော့လာတာကြောင့် ဖြစ်တတ်ပါတယ်။ ပက်လက်လှန် အိပ်ရင်း ဆီးညှစ်သွားသလို တင်ပဆုံ ပိုင်းကြွက်သားတွေ အားကောင်းစေဖို့ ကျုံ့ချည်၊ ညှစ်ချည် တစ်လှည့်စီ လုပ်ပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ မသက်သာခဲ့ရင်တော့ သားဖွားမီးယပ် အထူးကုနဲ့ ပြသစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top