Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ (Gestational Diabetes Mellitus)(၂)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါက ကိုယ်ဝန်မဆောင်ခင်ကတည်းက ရှိနေတတ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါက ဖွံဖြိုးဆဲနိုင်ငံတွေမှာ ၁၀ နှစ်အောက် ကလေးတွေမှာ ပိုပြီးတွေ့နေရပါတယ်။ အရင်တုန်းကတော့ အသက်၄၀ကျော်မှ အမျိုးအစား(၂)ဆီးချို ရောဂါဖြစ်တတ်တယ်လို့ ထင်မိခဲ့တာတွေဟာ အခုအခါမှာ မမှန်တော့ပါဘူး။ ဒါကြောင့် ကိုယ်ဝန် မဆောင်/မင်္ဂလာမဆောင်ခင် ဒါမှမဟုတ် ဆောင်ပြီးချိန် မင်္ဂလာစုံတွဲ ကျန်းမာရေးစစ်ဆေးမှုတွေလုပ် ထားသင့်ပါတယ်။ အထူးသဖြင့် မိခင်လောင်းအတွက် ဖြစ်ပါတယ်။

ကိုယ်ဝန်မဆောင်မီကတည်းက ကြိုတင်ပြင်ဆင်ခြင်း
အထူးသဖြင့် ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆီးချိုရှိနေတဲ့ (အမျိုးအစား(၁) ဖြစ်စေ၊ အမျိုးအစား(၂) ဖြစ်စေ)အမျိုးသမီးတွေအနေနဲ့ ကြိုတင်ပြင် ဆင်ခြင်း၊ ဆီးချိုကောင်းမွန်အောင် ကုသခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက အဝလွန်တဲ့ (ခန္ဓာကိုယ်အသားကျစ်နှုန်း BMI 27 Kg/m2 ထက်များခြင်း)အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်အလေးချိန်ကျအောင် လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ထိန်းသိမ်းတာတို့ကို လုပ်သင့်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်က ဆီးချိုသွေးချိုမရှိခဲ့ရင် ဒါမှမဟုတ် သွေးချိုမစစ်ခဲ့ဘူးရင်လည်း ကိုယ်ဝန်ရှိစမှာ ပထမအကြိမ် ဆီးချိုသွေးချိုရှိ၊ မရှိဆိုတာ စစ်ရပါမယ်။ တကယ်လို့ ဆီးချိုသွေးချိုရှိနိုင်ခြေပိုများသူတွေ ဥပမာ မိသားစုသွေးတော်စပ်သူ တစ်ဦးဦးမှာ ဆီးချိုသွေးချိုရောဂါရှိခြင်း၊ ခန္ဓာကိုယ် အသားကျစ်နှုန်း (အ နောက်နိုင်ငံမှာ ၃၀) ါု။ာ၂ ထက်များခြင်း၊ အရင် ကလေးမွေးတုန်းက ကလေးရဲ့ကိုယ်အလေးချိန်အလွန် များခြင်း၊ မွေးဖွားစဉ်ကာလတစ်ဝိုက်မှာ မမျှော်လင့်တာတွေဖြစ်ခြင်း စတဲ့ရာဇဝင်တွေရှိခဲ့ရင် . . .

ဖောလစ်အက်ဆစ် ၅ မီလီဂရမ်ကို တစ်နေ့တစ် ကြိမ် ကိုယ်ဝန်မရှိခင်မှ ၁၂ပတ်တိုင်တဲ့အထိ အားဖြည့်သောက်သုံးပေးရင် ကလေးမှာ အာရုံကြော မကြီး ချို့ယွင်းမှုကိုကာကွယ်နိုင်ပါတယ်။ ၃လပျမ်း မျှဆီးချိုဓာတ် HbA1c က ၁၀ ရာခိုင်နှုန်းအထက် ရှိပါက ကိုယ်ဝန်ဆောင်ဖို့ မသင့်တော်သေးပါ။ ဒါ့အပြင် ကိုယ်ဝန်မဆောင်ခင် သွေးကျဆေး ACEI အုပ်စုကိုသောက်နေပါက တခြားသွေးကျဆေးကို ပြောင်းသောက်ဖို့လိုပါတယ်။ အလားတူ အဆီကျ ဆေး Statin ဆေးတွေကို ကြိုရပ်ထားဖို့ လိုပါလိမ့်မယ်။ မက်ဖော်မင်သောက်လက်စအမျိုးသမီးတွေ အနေနဲ့ ဆေးရဲ့ကောင်းကျိုး၊ ဆိုးကျိုးနဲ့ဆက်သောက်ဖို့သင့်၊ မသင့်ကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့လိုပါတယ်။ ကျန်တဲ့ ဘယ်ဆီးချိုကျဆေးကိုမဆို ရပ်ပစ်ရပါမယ်။

ဆီးချိုရှိတဲ့ အမျိုးသမီးက ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ပြီဆိုရင် ဆီးချိုကြောင့် မျက်စိထိခိုက်မှုရှိ၊ မရှိ Retinal Screen စစ်ဆေးတာကလည်း အဓိက ကျတဲ့အချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးအသားဓာတ်နဲ့ ဆီးဆိပ်စွန့်ထုတ်မှုကိုလည်း ကိုယ်ဝန်မရှိခင်ကတည်းက စစ်ရပါမယ်။ (Microalbumin) တကယ် လို့ကျောက်ကပ်အားနည်းနေရင်(eGFR 45 ml / min)ထက် နည်းခဲ့ရင် ဆီးနှင့်ကျောက်ကပ်အထူးကုနဲ့ပြသဖို့ လိုပါလိမ့်မယ်။

အထက်ဖော်ပြပါအချက်တွေကတော့ နဂိုဆီး ချိုရှိပြီးသား အမျိုးသမီးတွေ ကိုယ်ဝန်မဆောင်ခင် လိုက်နာဆောင်ရွက်သင့်တာတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်က ဆီးချိုသွေးချိုမရှိခဲ့ရင် ဒါမှမဟုတ် သွေးချိုမစစ်ခဲ့ဘူးရင်လည်း ကိုယ်ဝန်ရှိစမှာ ပထမအကြိမ် ဆီးချိုသွေးချိုရှိ၊မရှိဆိုတာ စစ်ရပါမယ်။ တကယ်လို့ ဆီးချိုသွေးချိုရှိနိုင်ခြေပိုများသူတွေ ဥပမာ မိသားစုသွေးတော်စပ်သူ တစ်ဦးဦးမှာ ဆီးချိုသွေးချိုရောဂါရှိခြင်း၊ ခန္ဓာကိုယ်အသားကျစ်နှုန်း BMI ၂၈(အနောက်နိုင်ငံမှာ၃၀) Kg/m2ထက်များခြင်း၊ အရင်ကလေးမွေးတုန်းက ကလေးရဲ့ ကိုယ်အလေးချိန်အလွန်များခြင်း၊ မွေးဖွားစဉ်ကာလ တစ်ဝိုက်မှာ မမျှော်လင့်တာတွေဖြစ်ခြင်းစတဲ့ ရာဇ ဝင်တွေရှိခဲ့ရင် အခုကိုယ်ဝန်မှာ အစောဆုံးစစ်ရပါမယ်။ ဒီလိုမျိုး အခြေအနေမဟုတ်ခဲ့ရင် ကိုယ်ဝန် ၂၄ မှ ၂၈ပတ်ရောက်မှ screening စစ်ဆေးရှာဖွေဖို့လိုကြောင်း နိုင်ငံတကာ အသုံးပြုတဲ့လမ်းညွှန်ချက် တွေမှာဖော်ပြထားပါတယ်။ ဒီနိုင်ငံတကာရဲ့ လမ်း ညွှန်ကို အာရှနိုင်ငံတွေမှာ တိုက်ရိုက်မှီငြမ်းသုံးစွဲတဲ့ အခါ အနောက်နိုင်ငံတွေနဲ့မတူဘဲ တချို့ဆီးချိုရှိသူတွေကို စောစောမသိလိုက်ဘဲ နောက်ကျသွားတဲ့ သာဓကတွေ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်းကို ဒီ့ထက်စောစော ကိုယ်ဝန်စရှိကတည်းက ဆီးချိုသွေးချိုရှိ၊ မရှိ တိကျတဲ့နည်းလမ်း ဖြစ်တဲ့ နည်းနဲ့ စစ်ဆေးသင့်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိင်ငံမှာ ဆေးတက္ကသိုလ်(၂)မှ ဆီးချိုနဲ့ ဟော်မုန်းရောဂါများ အထူးကုပါရဂူဘွဲ့လွန်သင်တန်း သူတစ်ဦးရဲ့ ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုရောဂါ အကြောင်း လေ့လာတွေ့ရှိချက်အရလည်း စောစော စတင် ရှာဖွေသင့်တယ်လို့ သိရှိရပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top