Healthy Life Ad
Life Style

နာမည်ကျော် မော်ဒယ်တို့ လက်တွေ့ကျင့်သုံးနေသော အလှအပရေးရာနည်းလမ်းများ

ငယ်ရွယ်လှပပြီး နာမည်ကျော်တဲ့ Victoria’s Secret မော်ဒယ်တွေက ရှိုးပွဲတွေမှာ တောက်ပဝင့် ကြားနေရုံသာမက ကင်မရာထဲနဲ့ လက်တွေ့ဘဝထဲမှာလည်း ဆွဲဆောင်မှုအပြည့်ရှိနေကြပါတယ်။ ဒါကြောင့် သူတို့တွေ လက်ကိုင်ကျင့်သုံးနေတဲ့ အလှအပနည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

– စွမ်းအင် တိုးစေရန်
အထူးသဖြင့် ရှိုးပွဲတွေရှိရင် အပိုစွမ်းအင်ရှိနေဖို့ လိုအပ်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာကိုစားပေးရပါတယ်။ အိုမီဂါ ၃အဆီ ပါဝင်မှုများတဲ့ အစေ့အဆန်တွေက စွမ်းအင်တိုးစေသလို အသားအရေ တောက်ပစေတဲ့အတွက်စား လေ့ရှိပါတယ်။

– သန်စွမ်းကြံ့ခိုင်မှု ရှိစေရန်
စူပါမော်ဒယ်တွေက လေ့ကျင့်ခန်းကိုအရူး အမူးစွဲလန်းသူတွေ ဖြစ်နေတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်တစ်ချိန်၊ နှစ်ချိန်လောက် ပျက်ရင် အပြစ်ရှိသလို ခံစားနေရတတ်ပြီး အချိန်အားရင် အားသလို လေ့ကျင့်ခန်းလုပ်တတ်ပါတယ်။ ဥပမာတီဗီကြည့်ရင်း ထိုင်ထလုပ်နေတတ်တာ မျိုးပါ။

– အပြစ်အနာအဆာ ကင်းစေရန်
စူပါမော်ဒယ်တွေက ကိုယ်ရဲ့အားနည်းချက် ကိုသိနားလည်ပြီး အဲဒီအပြစ်အနာအဆာကို ဖုံး ကွယ်နိုင်မယ့်အသုံးအဆောင်တွေကို ကိုယ်နဲ့မကွာ ဆောင်ထားတတ်ပါတယ်။ မော်ဒယ်ဆွန်နီပိုဝဲလ်က မျက်ခုံးမွေးပါးတဲ့အတွက် လက်ကိုင်အိတ်ထဲမှာ မျက်ခုံးမွေး ဆွဲခဲတံနဲ့ မျက်ခုံးမွေးဖြီးတဲ့ ဘီးက မပါမဖြစ်ဆောင်ထားပါတယ်တဲ့။

– ညဘက် ကောင်းစွာ အနားရစေရန်
တခြားနိုင်ငံတွေမှာ မော်ဒယ်ရှိုးသွားလျှောက်ရတဲ့အခါ လေယာဉ်ကြောင့် ဖြစ်တဲ့ ဝေဒနာသက်သာဖို့နဲ့ အိပ်မပျော်တဲ့ ဝေဒနာကင်းစေဖို့ မယ်လတိုနင်ဆေးကို အမြဲဆောင်ထားလေ့ရှိပါတယ်။

– နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေရန်
သူတို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ လက် ကိုင်ထားတဲ့အချက်က မိန်းမဆန်ဆန်ခံစားရစေတဲ့ အရာကိုလုပ်ဆောင်ပြီး အသားအရေကိုထိန်းသိမ်း တာပဲဖြစ်ပါတယ်။ ဥပမာ မိန်းမဆန်ဆန် ဆွဲဆောင် အားပြင်းတဲ့ ရေမွေးဆွတ်တာနဲ့ လက်သည်းတွေကို လှပအောင် ပြုပြင်တာတို့လို နည်းလမ်းတွေကို လုပ်ဆောင်လေ့ရှိတာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top