Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ(၈)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်းကျန်းမာရေးိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်ကဟုတ်ကတွေကို လွဲမှားစွာ ယုံကြည်လက်ခံထားပါက ဘဝ နှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများနှင့် ပတ်သက်ပြီး အမှန်လေလား အမှားလားဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန်ဖော်ပြပေးပါမည်။ ယခုတစ်ပတ်တွင် ရင်သားကင်ဆာဆိုင် ရာ ယုံကြည်ချက်များကို ဖော်ပြဆွေးနွေးပေးပါမည်။

ယုံကြည်ချက် ၁
‘ရင်သားတွင် အဖုအကျိတ်ရှိခြင်းသည် ကင်ဆာဖြစ်သည်’
မှားသည်။ ရင်သားတွင်ဖြစ်သော အဖုအကျိတ်တိုင်း ကင်ဆာမဟုတ်။ အဖုအကျိတ်ဆယ်ခုလျှင် ရှစ်ခုမှာ ကင်ဆာကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းတွေကြောင့် ဖြစ်တတ်သည်။ အများစုမှာ ရေအိတ်(Cyst)များနှင့် Fibroadenoma ခေါ်သာမန်အဖုအကျိတ်များသာ ဖြစ်တတ်သည်။ ထို့ကြောင့် ရင်သားတွင် အဖုအကျိတ်ရှိတိုင်း ကင်ဆာပဲဟု ယတိပြတ်မပြောနိုင်ပါ။ သို့သော် မပေါ့ဆဖို့လည်း လိုသည်။ ရင်သားတွင် အဖုအကျိတ်စမ်းမိသည်နှင့် ဆေးရုံ၊ ဆေးခန်းများတွင် ပြသကာ ကင်ဆာ ဟုတ်၊ မဟုတ် စစ်ဆေးကြည့်သင့်သည်။

ယုံကြည်ချက် ၂
‘ရင်သားကင်ဆာသည် အမျိုးသမီးတွေမှာသာဖြစ်သည်’
မမှန်ပါ။ အမျိုးသားများတွင်လည်း ရင်သားကင်ဆာ ဖြစ်နိုင်ပါသည်။ သို့သော် အချိုးအားဖြင့် ယှဉ်လျှင် နည်းပါသည်။ သို့သော် အမျိုးသားများသည်လည်း ရင်သားကင်ဆာ ဖြစ်နိုင်ကြောင်း သိထားကြ စေလိုပါသည်။

ရင်သားတွင် အဖုအကျိတ်တွေ့ပါက ရင်သားဓာတ်မှန်ရိုက်ကြည့်နိုင်သည်။ ရင်သားကင်ဆာမဟုတ်ဟု ရင်သားဓာတ်မှန်အရသိရတိုင်း သေချာပြီဟု မသတ်မှတ်နိုင်ပါ။ အဖုအကျိတ်အနေအထား၊ လူနာအခြေအနေကိုလိုက်ကာ အခြားသော သင့်လျော်သည့် ဓာတ်ခွဲစမ်းသပ်ချက်များ ဆက်လုပ်ဖို့ လိုပါသေးသည်။ လိုအပ်ပါက . . .

ယုံကြည်ချက် ၃
‘ရင်သားအဖုအကျိတ်ကို ရင်သားဓာတ်မှန် (Mammogram)တွင် ပုံမှန်ဟုဆိုလေတိုင်း ကင်ဆာမဟုတ်ဟု မဆိုနိုင်ပါ}
မှန်သည်။ ရင်သားတွင် အဖုအကျိတ်တွေ့ပါက ရင်သားဓာတ်မှန် ရိုက်ကြည့်နိုင်သည်။ ရင်သားကင် ဆာ မဟုတ်ဟု ရင်သားဓာတ်မှန်အရ သိရတိုင်း သေချာပြီဟု မသတ်မှတ်နိုင်ပါ။ အဖုအကျိတ်အနေအထား၊ လူနာအခြေအနေကိုလိုက်ကာ အခြားသော သင့်လျော်သည့် ဓာတ်ခွဲစမ်းသပ်ချက်များ ဆက်လုပ်ဖို့ လိုပါသေးသည်။ လိုအပ်ပါက အခြားသော ပုံရိပ်ဖမ်းနည်းပညာသုံးစက်များဖြင့်စစ်ဆေးခြင်း၊ အပ်ထိုး သွင်းကာ အသားစနမူနာရယူစစ်ဆေးခြင်းများ ပြုလုပ်ရန် ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။

ယုံကြည်ချက် ၄
‘ရင်သားကင်ဆာအကျိတ်သည် မနာပါ’
မှန်သည်ဟု မဆိုနိုင်ပါ။ အများအားဖြင့် ကင်ဆာကျိတ်သည် နာကျင်နေလေ့မရှိသော်လည်း ရောင်ရမ်းနေသည့် ကင်ဆာကျိတ် ဖြစ်ပါက နီနေခြင်း၊ ရောင်နေခြင်း၊ နာကျင်ခြင်း၊ အဖုအကျိတ်နေရာတွင် အ နည်းငယ်ပူနေခြင်းများ ဖြစ်နိုင်ပါသည်။

ယုံကြည်ချက် ၅
‘နို့တိုက်မိခင်ဘဝတွင် ရင်သား၌ အဖုအကျိတ်ဖြစ်ပါက ကင်ဆာမဖြစ်နိုင်ပါ’
မဟုတ်ပါ။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ရင်သား ကင်ဆာဖြစ်နိုင်ခြေနည်းသော်လည်း နို့တိုက်မိခင်များတွင်လည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိနေပါသေးသည်။ ထို့ကြောင့် ကလေးကိုနို့ချိုတိုက်ကျွေး နေဆဲကာလများတွင် ရင်သားအဖုအကျိတ် စမ်းမိပါက မပေါ့ဆမိဖို့၊ လျှော့မတွက်မိဖို့ လိုပါသည်။

ယုံကြည်ချက် ၆
‘ငယ်ရွယ်သူဖြစ်ပါက ရင်သားကင်ဆာမဖြစ်နိုင်ပါ’
မဆိုင်ပါ။ အသက်ကြီးသူများတွင် ရင်သားကင်ဆာ ပိုဖြစ်နိုင်သည် မှန်သော်လည်း ငယ်ရွယ်သူများတွင်လည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိပါသည်။

ယုံကြည်ချက် ၇
‘ရင်သားအဖုအကျိတ်သေးပါက ရင်သားကင်ဆာ မဟုတ်နိုင်ပါ’
မဟုတ်ပါ။ ရင်သားကင်ဆာဖြစ်သည့် အဖု အကျိတ်သည် အရွယ်စုံဖြင့် ဖြစ်လာနိုင်ပါသည်။ ရင် သားတွင် သေးငယ်သည့် အဖုအကျိတ်ငယ်ပင် ဖြစ် စေကာမူ လျှော့မတွက်သင့်ပါ။ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်သည့် ကင်ဆာကျိတ် ဖြစ်နိုင်ပါ သည်။

ယုံကြည်ချက် ၈
‘အပျိုကြီးများသည် ရင်သားကင်ဆာ မဖြစ်နိုင်ပါ’
ပြောင်းပြန်ဖြစ်သည်။ ရင်သားကင်ဆာသည် အပျိုကြီးများတွင်ပို၍ပင် ဖြစ်နိုင်ခြေရှိသေးသည်။ အိမ်ထောင်သည်ဖြစ်စေဦးတော့၊ ကလေးမမွေးသည့် သူ၊ မွေးသည့်တိုင် ကလေးနည်းသူ၊ ကလေးရှိသည့်တိုင် ကလေးနို့မတိုက်သူများတွင် ရင်သားကင် ဆာ ပိုဖြစ်တတ်ပါသည်။ ထို့ကြောင့် အပျို၊ အအို မရွေး ရင်သားကင်ဆာ ဖြစ်နိုင်ပါသည်။

ယုံကြည်ချက် ၉
‘မျိုးရိုးထဲတွင် ရင်သားကင်ဆာဖြစ်သူမရှိသောကြောင့် မိမိတွင်လည်း မဖြစ်နိုင်ပါ’
ရင်သားကင်ဆာသည် အဘွား၊ မိခင်၊ အဒေါ် စသည့် ဆွေမျိုးများထဲတွင် ဖြစ်ဖူးသူရှိပါက ရင်သား ကင်ဆာဖြစ်နိုင်ခြေ ပိုများသော်လည်း ထိုသို့ မျိုးရိုး စဉ်ဆက် ဘာမှမဖြစ်ဖူးသည့်တိုင် အန္တရာယ်ကင်းသည် ဟု မဆိုနိုင်ပါ။ ၁၅ ရာခိုင်နှုန်းခန့်သာ ရင်သားကင် ဆာမျိုးရိုးရှိတတ်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top