Healthy Life Ad
Life Style

ဆံပင်ကျွတ်ခြင်းအတွက် အလွယ်ကုထုံး

၊ ငွေကြယ်စင်ယံ ၊

– ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် သံပရာသီး

ကြက်သွန်နီ ဒါမှမဟုတ် ကြက်သွန်ဖြူကို အခွံနွှာပြီး လတ်လတ်ဆတ်ဆတ်ကြိတ်ချေကာ ဦးရေပြားပေါ် တိုက်ရိုက်သုတ်လိမ်းပါ။ မိနစ် ၂၀ကြာမှ သံပရာရည်နဲ့ သေချာဆေးကြောလိုက်ပါ။ အနံ့ပျောက်တဲ့အထိ ဆေးပေးပါ။

– မုန်လာဥနီနှင့် အုန်းနို့

မုန်လာဥနီဖျော်ရည်နဲ့ အုန်းနို့တို့ကိုရောပြီး ဆံပင်သားအနှံ့သုတ်လိမ်းပါ။ ဒီနည်းက ဆံပင်သား သန်စွမ်းကျန်းမာစေပါတယ်။

– ရှလကာရည်

ရှလကာရည်က ဆံပင်ကျွတ်တာကို တွန်းလှန်ပေးပါတယ်၊ အထူးသဖြင့် အဆီပြန်တဲ့ ဆံပင်သားအတွက်သင့်တော်ပါတယ်။ ရှလကာရည်နဲ့ ဦးရေပြားကိုသုတ်လိမ်းတာက ဆံချည်မျှင်အိတ်တွေကို သွေးလှည့်ပတ်မှုကောင်းစေပါတယ်။ ဦးရေပြားကိုနှိပ်နယ်ပေးပြီး ၁၀မိနစ်အကြာမှာ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးလိုက်ပါ။

– ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်သားကို ရေတစ်ပန်းကန်ထဲထည့်ဖျော်ပြီး ဦးရေပြားအနှံ့သုတ်လိမ်းပါ။ ဦးရေပြားကို နှိပ်နယ်ပြီး အချိန် ၁၀မိနစ်ကြာမှ ကြက်သီးနွေးရေနဲ့ဆေးကြောလိုက်ပါ။

– ဥနီ (Beet)

ဥနီနှစ်လုံးကို ၁၀ မိနစ်ခန့်ပြုတ်ပြီး ရလာတဲ့အရည်ကို အေးမြအောင်ထားပါ။ ပြီးရင် ဦးရေပြားမှာသုတ်လိမ်းပါ။ တစ်ပတ်မှာ ၂-၃ကြိမ် ပြုလုပ်ပေးရင် ဆံပင်ကျွတ်နှုန်းသက်သာလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top