Healthy Life Ad
Health Tips

ရေ၏ အံ့အားသင့်ဖွယ်ရာ ကောင်းကျိုးကိုးသွယ်

၊ လရိပ်မေ ၊

ရေကို အလုံအလောက် သောက်တာကြောင့် အောက်ပါ အံ့အားသင့်ဖွယ်ရာ ကောင်းကျိုးကိုးမျိုးကို ရရှိစေပါတယ်။

(၁) ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း
ရေမှာ အဆီ၊ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ် လုံးဝ မပါရှိပါဘူး။ ဒါကြောင့် ရေသောက် တဲ့အတွက် တခြားအစားအသောက်တွေကို များများမစားဖြစ်တော့ဘဲ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်စွမ်းရှိတာပါ။

(၂) နှလုံးကျန်းမာစေခြင်း
ရေသောက်တာကြောင့် နှလုံးရောဂါထနိုင်ခြေ (Heart Attack)ကို ၄၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(၃) စွမ်းအင်ပြည့်ဝစေခြင်း
ရေဓာတ်ခမ်းခြောက်ရင် စွမ်းအင် လျော့နည်းကာ ပင်ပန်းနွမ်းနယ်နေနိုင်ပါတယ်။

(၄) ခေါင်းကိုက်ဝေဒနာသက်သာစေခြင်း
တစ်ခါတစ်ရံမှာ ခေါင်းကိုက်တာက ရေကို အလုံအလောက် မသောက်တဲ့အတွက် ဖြစ်ရတာပါ။

(၅) အသားအရေ ကျန်းမာစိုပြည်ခြင်း
ရေကို အလုံအလောက်သောက်တာကြောင့် အသားအရေကြည်လင်ပြီး တောက်ပစေပါတယ်။

(၆) ကိုယ်လက်လှုပ်ရှားမှုကို ကောင်းမွန်စေခြင်း
ရေဓာတ်မပြည့်ဝပါက သင်ရဲ့ အားကစားစွမ်းရည်နဲ့ သက်လုံကောင်းမွန်မှုတို့အပေါ် ထိခိုက်မှုရှိစေနိုင်ပါတယ်။

(၇) အစာခြေဖျက်မှုဆိုင်ရာ ပြဿနာများ ကို လျော့ပါးစေခြင်း
ရေဟာ အစာအိမ်အက်စစ်ဆိုင်ရာ ပြဿနာတွေကို သက်သာလျော့ပါးစေပါတယ်။

(၈) ကင်ဆာအန္တရာယ် လျော့နည်းခြင်း
ရေကို အလုံအလောက်သောက်တာကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့ ဆီးအိတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(၉) သန့်ရှင်းစင်ကြယ်စေခြင်း
ရေများများသောက်တာကြောင့် ကိုယ်တွင်းရှိ အဆိပ်အတောက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ထွက်ရှိ သွားစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top