Healthy Life Ad
International

နှလုံးရောဂါကြောင့် နှစ်စဉ် လူ ၁၈သန်းသေဆုံး

၊ မိုးမင်းထွန်း ၊

ကမ္ဘာတစ်ဝှမ်း လူသုံးဦးသေဆုံးတိုင်းတစ်ဦးမှာ နှလုံးရောဂါကြောင့်ဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဆိုပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေမှာရော ဆင်းရဲတဲ့ နိုင်ငံတွေမှာပါ နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေကြောင့် သေဆုံး နှုန်းမြင့်တက်လာနေပြီး ကမ္ဘာ့လူသေဆုံးမှုအများဆုံး ရောဂါဖြစ်လာနေပါတယ်။ လူငယ်မျိုးဆက်သစ်တွေကြား ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိဖို့နဲ့ စားသောက်မှုပုံစံ မှန်အောင် ပညာပေးမှုပြုလုပ်တာက ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်ကြောင်း ပညာရှင်တွေက ပြောဆိုပါတယ်။

သွေးဖိအားမြင့်မားတာ၊ စားသုံးမှုပုံစံမမှန်တာ၊ ကိုလက်စထရောမြင့်တက်တာ၊ ဆေးလိပ်၊ အရက်အလွန်အကျွံ သောက်သုံးတာနဲ့ အဝလွန်ရောဂါဖြစ်နှုန်းများလာတာတွေက နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွား စေတဲ့အချက်တွေဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်တက္ကသိုလ်မှ ဒေါက်တာ ဂရီဂိုရီရော့နဲ့ သူ့အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လွန်ခဲ့တဲ့ ၂၅နှစ်တာ ကျန်းမာရေးအချက်အလက်တွေကို လေ့လာ ခဲ့ကြတာဖြစ်ပါတယ်။

နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာနေပြီဖြစ်တာကြောင့် ကုန်ကျစရိတ် သက်သာပြီး ထိရောက်တဲ့ကုသမှုတွေကို လက်လှမ်းမမီတဲ့ လူသန်းပေါင်းများစွာဆီ ရောက်ရှိနိုင်မယ့် နည်းလမ်း သစ်တွေရှာဖို့လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာရော့က တိုက်တွန်းထားပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top