Healthy Life Ad
International

မေတ္တာတရားကြီးမားလွန်းသည့် မိခင်ကြောင့် မသန်စွမ်းသားငယ် ဟားဗက်တက္ကသိုလ်ဝင်ခွင့်ရ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၂၉ နှစ်အရွယ် ဒင်ဒင်ဟာ ၁၉၈၈ခုနှစ်က မွေးဖွားခဲ့ပြီး မွေးရာပါဦး နှောက်ချို့ယွင်းခဲ့ပါတယ်။ မမွေးခင်ကတည်းက သူရဲ့မိခင်ဇောင်ဟောင်းဂျင်ကို ကလေးအဖတ်တင် ခဲ့ရင်လည်း ဉာဏ်ရည်နိမ့်ပါးပြီး တစ်ဘဝလုံး ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာစိုးတာကြောင့် ဆရာဝန်တွေနဲ့ ခင်ပွန်းဖြစ်သူတို့က ကလေးဖျက်ချဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဇောင်က ကလေးကိုကယ်ဖို့ ဆုံးဖြတ် ခဲ့တာကြောင့် မကြာခင်မှာ ခင်ပွန်းဖြစ်သူနဲ့လည်း ပြတ်စဲခဲ့ရပါတယ်။

သားလေးကို စောင့်ရှောက်ဖို့ ဇောင်ဟာကော လိပ်တစ်ခုမှာ အချိန်ပြည့်အလုပ်အပြင် အချိန်ပိုင်း အလုပ်အမျိုးမျိုးကိုလည်း မနားမနေလုပ်ခဲ့ရပါတယ်။ သားလေးကို ပြန်လည်ထူထောင်ရေးကျောင်းထားခဲ့ပြီး ကလေးရဲ့ရောဂါကြောင့် ကြွက်သားမာကျောတာကို ဘယ်လိုနှိပ်နှယ်ပေးရမလဲဆိုတာကိုပါ သင်ယူခဲ့ပါတယ်။ ကလေးဉာဏ်ရည်ဖွံ့ဖြိုးအောင် ဉာဏ်စမ်း ပုစ္ဆာတွေ၊ ဉာဏ်ရည်တိုးတက်စေမယ့် ကစားနည်းတွေကို အားလပ်ချိန်တိုင်း အတူကစားပေးခဲ့ပါတယ်။အားနည်းချက်ကြောင့် လူအများကြား သိမ်ငယ်မှာမလိုလားတဲ့အတွက် လူတိုင်းလိုပြုမူနိုင်အောင်နဲ့ အလုပ် ကြိုးစားတတ်အောင် သားငယ်ကို စည်းကမ်းတကျလေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။


ဒင်ဒင်ဟာ ပီကင်းတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ဥပဒေဘာသာရပ်ဘွဲ့လွန်သင်တန်း ပြီးမြောက်ခဲ့ပါတယ်။နှစ်နှစ်ကြာ အလုပ်ဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ဟားဗက်မှာ ကျောင်း တက်ခွင့်ရရှိခဲ့ကြောင်းသိရပါတယ်။ သူ့ရဲ့ပညာရပ်ဆိုင်ရာ အောင်မြင်မှုတွေဟာ မိခင်ရဲ့ စိတ်ရှည်မှုနဲ့အဆုံး မရှိတဲ့ တစ်ဘဝလုံးမြှပ်နှံမှုတွေကြောင့်ဖြစ်တယ်လို့ ဒင်ဒင်က ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top