Healthy Life Ad
Life Style

ညဘက် မျက်စိမမြင်ခြင်း

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး။ ။ ညဘက် မျက်စိမမြင်ခြင်းဖြစ်ရတဲ့အကြောင်းရင်းကို သိပါရစေဆရာ။
ဖြေ။ ။ ညဘက်မျက်စိမမြင်ခြင်းဖြစ်ရတဲ့အကြောင်းရင်းကတော့ အများကြီး ရှိပါတယ်။

(၁) ဗီတာမင်အေ ချို့တဲ့မှုကြောင့် ဖြစ်တတ်ပါတယ်။ ဗီတာမင်အေချို့တဲ့လို့ ဖြစ်တဲ့ ညဘက်မျက်စိမမြင်တဲ့ အခြေအနေကို ဗီတာမင်အေ ပေးလိုက်ရင် ပြန် ကောင်းသွားပါတယ်။

(၂) Retinitis Pigmentosa လို့ခေါ်တဲ့ မျက်စိအာရုံခံလွှာမှာ ဖြစ်တဲ့ ထိခိုက်မှုကတော့ အဖြစ်များပေမယ့် အခုအချိန်အထိကုလို့ မရသေးပါဘူး။ အနောက် နိုင်ငံတွေမှာတော့ ပုံမှန်မဟုတ်တဲ့ မျက်စိအာရုံခံလွှာ နေရာမှာ Microchipေလးတွေ ထည့်ပြီး အလင်းတန်းကို Microchipက ဖမ်းပြီး ပုံရိပ်ကို ဦးနှောက်ကိုသတင်းပို့ပြီး ပြန်မြင်အောင်လုပ်တာပါ။ ဒါက စမ်းသပ်ဆဲအဆင့် (Trial) ပဲရှိပါသေးတယ်။ ဒီစမ်းသပ်မှုက အခုအချိန်အထိ မအောင်မြင်သေးပါဘူး။

ညဘက်မမြင်တဲ့အတွက် နေထိုင်စားသောက် သွားလာလှုပ်ရှားမှုကို လမ်းညွှန်ပေးပါတယ်။ ပြီးတော့ သူတိုရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်ကို အကြံပေးပါတယ်။ သူတို့တွေက အခုညမှာမမြင်ပေမယ့် တစ်ချိန်ကျရင် တဖြည်းဖြည်းချင်း နေ့အမြင်မှာလည်း ချို့ယွင်းလာနိုင်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ နေ့ဘက်အလုပ်လုပ်ပြီး ညဘက်အနားယူအိပ်စက်လိုက်ရင် အဆင်ပြေပေမယ့် တဖြည်းဖြည်းချို့ယွင်းလာ တဲ့အချိန် လုပ်ကိုင်စားသောက်မှုအတွက် အသိပေးထားရပါတယ် . . .

(၃) High Myopia လို့ခေါ်တဲ့ အနုတ်ပါဝါ သိပ်များတဲ့ လူတွေလည်း ညမှာ အမြင်အား နည်းတတ်ပါတယ်။ အနုတ်ပါဝါများလွန်းတဲ့သူတွေက နေ့နဲ့ ညမှာဆိုရင် ညမှာအမြင်အားနည်းတတ်ပါတယ်။ မမြင်တာမျိုးတော့လည်း မဟုတ်ပါဘူး။

မေး။ ။ ညဘက် မျက်စိမမြင်တဲ့ အခြေအနေကို ကုသတဲ့အကြောင်းကိုလည်း သိပါရစေ ဆရာ။
ဖြေ။ ။ ကုသလို့ရတဲ့ အပိုင်းနဲ့ ကုသလို့ မရတဲ့ အပိုင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကုသလို့ရတဲ့ အပိုင်းကတော့ ဗီတာမင်အေ ချို့တဲ့လို့ ညဘက်မျက်စိမမြင်တဲ့ အခြေအနေဆိုရင် ဗီတာမင်အေပေးလိုက်ရင် ပြန်ကောင်းသွားတတ်ပါတယ်။ နောက်တစ်ခုက အနုတ်ပါဝါ များတဲ့သူတွေ အမြင်အားနည်းတဲ့ အခါမှာလည်း ကုလို့ ရပါတယ်။

ကုသလို့ မရတဲ့ အပိုင်းကတော့ မျက်စိ အာရုံခံလွှာမကောင်းတဲ့အခြေအနေ (Retina Abnormalities)တွေပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အထင်ရှား ဆုံးက (၁) R.P (Retina Pigmentosa )ြဖစ်ပြီး နောက်ထပ် (၂) Gyrate Atrophy နဲ့ (၃) Retina Choroideremia တွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေ အားလုံးက မျက်စိအာရုံခံလွှာဆိုင်ရာ ပြဿနာတွေပဲ ဖြစ်ပါတယ်။

မေး။ ။ ညဘက်မမြင်တာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ မျက်စိအာရုံခံလွှာ(Retina)မှာ အလင်းတန်းကို ဖမ်းတဲ့ အရာ (Photoreceptor) ဆိုတာရှိပါတယ်။ အလင်းတန်းကို ဖမ်းတဲ့နေရာမှာ Rodsနဲ့ Cones ဆိုပြီး နှစ်ခုရှိပါတယ်။ Rodsဆိုတာ ညအလင်းရောင်နဲ့ ဆိုင်ပြီး Cones ဆိုတာ နေ့အလင်းရောင်နဲ့ ဆိုင်ပါတယ်။ Rodsချို့ယွင်းရင် ညကောင်းကောင်း မမြင်ဘူး၊ Cones ချို့ယွင်းရင် နေ့ဘက်မှာ ကောင်းကောင်းမမြင်ပါဘူး။ Rods က မျက်စိအာရုံခံလွှာ (Retina)မှာပဲရှိတော့ မျက်စိအာရုံခံလွှာ ချို့ယွင်းတာက ဗီတာမင်အေချို့တဲ့လို့ ဖြစ်တယ်ဆိုရင် ကုသလို့ရပါတယ်။ ဗီတာမင်အေချို့တဲ့မှုကြောင့် ညအမြင် ချို့ယွင်းတာမျိုးမဖြစ်အောင်လည်း ကုသလို့ရပါတယ်။

စောစောကပြောတဲ့ အနုတ်ပါဝါများတဲ့ သူ (High Myopia)ေတွကျတော့လည်း မျက်ဆန်က သိပ်ကြီးတော့ မျက်စိအာရုံခံလွှာက ဆွဲဆန့်သလို ဖစ်ပြီး စုတ်ပြဲမှု(Tear)ရပါတယ်။ အဲဒီတော့ ထိခိုက်မှု(Degeneration)ေတွရပြီး ညဘက်မှာ အမြင် အားနည်းရတာပါ။

ကျန်တဲ့R.P (Retina Pigmentosa)၊ Gyrate Atrophy နဲ့ Retina Choroideremia တွေကတော့ မွေးရာပါအခြေအနေကြောင့် ဖြစ်ရတာပါ။ ဒီသုံးခုစလုံးရဲ့ ထူးခြားချက်က Genetic Tendency လည်းရှိပါတယ်။ ဆိုလိုတာက မိဘမှာ ဒီအချက်တွေကြောင့် ညဘက် မျက်စိမမြင်တာရှိရင် သားသမီးမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။

မေး။ ။ ညဘက်မျက်စိမမြင်တာကို ဘယ်လိုကုသမှုပေး လေ့ရှိပါသလဲ ဆရာ။
ဖြေ။ ။ ဗီတာမင်အေချို့တဲ့တာကြောင့် ညဘက် မျက်စိမမြင်ရင် ဗီတာမင်အေ ပေးလိုက်ရင် ကောင်းသွားပါ တယ်။
အနုတ်ပါဝါ များလွန်းလို့ ဖြစ်တဲ့ ညဘက်မျက်စိ မမြင်တာကိုတော့ မျက်မှန်ကို သေချာစမ်းသပ်ပြီး ပေးလိုက်ရင် အဆင်ပြေပါတယ်။
ကျန်တဲ့ မွေးရာပါဖြစ်တဲ့ မျက်စိအာရုံခံလွှာ ပုံမမှန်တဲ့ အခြေအနေတွေကိုတော့ လောလောဆယ် ဘာမှလုပ်လို့ မရသေးပါဘူး။ ဆေးပညာရှင်တွေက Microchip နည်းပညာကို တီထွင်စမ်းသပ်နေပေမယ့် အခုအထိ စမ်းသပ်ဆဲပဲ ရှိပါသေးတယ်။

မေး။ ။ ဒါဆိုရင် မျက်စိအာရုံခံလွှာပုံမမှန်ဖြစ်လို့ ညဘက်မျက်စိမမြင်တဲ့သူတွေကို ဘယ်လိုဆောင်ရွက် ပေးနေပါသလဲ ဆရာ။
ဖြေ။ ။ လောလောဆယ်တော့ သူတို့ကို နှစ်သိမ့်ဆွေးနွေး အကြံပေးကုသမှုပဲ အရင်ပေးရပါတယ်။ ရောဂါအ ခြေအနေကို ရှင်းပြရပါတယ်။ ပြီးရင် ညဘက်မမြင်တဲ့အတွက် နေထိုင်စားသောက် သွားလာလှုပ်ရှားမှုကို လမ်းညွှန်ပေးပါတယ်။ ပြီးတော့ သူတိုရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်ကို အကြံပေးပါတယ်။ သူတို့တွေက အခုညမှာ မမြင်ပေမယ့် တစ်ချိန်ကျရင် တဖြည်းဖြည်းချင်း နေ့အမြင်မှာလည်း ချို့ယွင်းလာနိုင်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ နေ့ဘက်အလုပ်လုပ်ပြီး ညဘက် အနားယူအိပ် စက်လိုက်ရင် အဆင်ပြေပေမယ့် တဖြည်းဖြည်းချို့ ယွင်းလာတဲ့အချိန် လုပ်ကိုင်စားသောက်မှုအတွက် အသိပေးထားရပါတယ်။ သူ့မိသားစုနဲ့ ပတ်ဝန်းကျင် ကိုလည်း ဒီလူနာရဲ့ အမြင်အာရုံအကြောင်း ရှင်းပြပြီး ဘယ်လိုဆက်ဆံပေးသင့်တယ်ဆိုတာ အကြံပေးရပါတယ်။ လောလောဆယ်မှာတော့ ဆရာတို့ ဒီလောက်ပဲ ဆောင်ရွက်ပေးလို့ရပါတယ်။

မေး။ ။ ညဘက်မမြင်တာကို ဘယ်လို ခွဲခြားရှာဖွေရပါသလဲဆရာ။
ဖြေ။ ။ Rods ဆိုတဲ့ အစိတ်အပိုင်းမှာ ပြဿနာရှိလို့ ညဘက်မမြင်ရတာပါ။ ဗီတာမင်အေ ချို့တဲ့နေသူတွေ မှာ Rods ရဲ့ ဇီဝဖြစ်စဉ်က ပျက်ပြားသွားပါတယ်။ ဒါပေမဲ့ ဗီတာမင်အေပြန်ပေးလိုက်ရင်တော့ ပြန်ကောင်း သွားတတ်ပါတယ်။ အနုတ်ပါဝါများတဲ့ High Myopia တွေမှာကျတော့ ဗီတာမင်အေချို့တဲ့နေလို့ မဟုတ်ဘူး၊ မျက်စိအာရုံခံလွှာ ထိခိုက်လာလို့ ဖြစ်ရတာပါ။ ဖြစ်လာရင် အစောပိုင်းလက္ခဏာအနေနဲ့ ညဘက် မမြင်ဘူး၊ ပြီးမှ ဖြည်းဖြည်းချင်း နေ့ဘက်မှာပါအမြင် ထိခိုက်လာတတ်ပါတယ်။ မျက်စိအာရုံခံလွှာမှာဖြစ်တဲ့ ပြဿနာတွေကျတော့ Rods မှာ ပြဿနာဖြစ်တယ်၊ အစပိုင်းမှာ ညဘက်မမြင်ဘူး။ နောက်ပိုင်းတ ဖြည်းဖြည်းနဲ့ Cones ပါ ထိခိုက်လာရင် နေ့ဘက်မှာပါ အမြင်မှုန်လာတတ်ပါတယ်။ နိုင်ငံခြားမှာတော့ Microchips ကို စမ်းသပ်ဆဲအဆင့်ပဲ ရှိသေးတယ်။ အောင်မြင်ပြီလို့ မကြေညာသေးဘူး၊ အောင်မြင်လာရင်တော့ သူတို့အတွက် အတိုင်းထက် အလွန်ပါပဲ။

မေး။ ။ ညဘက်မျက်စိမမြင်ရာက တဖြည်းဖြည်း နေ့ဘက်မှာပါ အမြင်အာရုံချို့ယွင်းလာရင် ဘယ်လို ဆောင်ရွက်ပေးလေ့ရှိပါသလဲ ဆရာ။
ဖြေ။ ။ ဆရာတို့ဆီမှာတော့ သူတို့ကို အကြံပေးပါတယ်။ နှစ်သိမ့် ဆွေးနွေးမှုပေးပါတယ်။ အသက်မွေးဝမ်း ကျောင်းအနေနဲ့ အဆင်ပြေအောင် ပြောင်းလဲဖို့ အသိပေးရပါတယ်။ တဖြည်းဖြည်း နေ့ဘက်မှာပါ အမြင် ချို့ယွင်းလာရင် Low Vision Aid ဆိုတဲ့ ကိရိယာကို ပေးရပါတယ်။ ဒါက မှန်ဘီလူးဖြစ်လို့ စာတွေကို ဒါနဲ့ ဖတ်ဖို့ သင်ပေးရပါတယ်။

မေး။ ။ မျက်စိအာရုံခံလွှာ ထိခိုက်မှုကြောင့် ညဘက်မမြင်တာဟာ မျက်စိလုံးဝကွယ်တဲ့အထိ ဖြစ်နိုင်ပါ သလားဆရာ။
ဖြေ။ ။ ဒီလိုအဆင့်အထိ ရောက်ဖို့ဆိုရင် နှစ်ပေါင်းများစွာ အချိန်ကြာပါတယ်။ အနှစ် ၂၀- ၃၀ ကြာတဲ့အခါ လက်လှုပ်ပြတာလောက်တော့ မြင်ရလို့ ဒါကိုတော့ စိတ်ဖိစီးမှု မဖြစ်စေချင်ပါဘူး။ ဒီကြားထဲ နည်းပညာ တိုးတက်ပြီး Microchip နည်းပညာအောင်မြင်လာရင် ကုသပျောက်ကင်းလာမှာ ဖြစ်ပါတယ်။

မေး။ ။ ညဘက် မမြင်တာက အဖြစ်များပါသလား ဆရာ။
ဖြေ။ ။ အဖြစ်နည်းပါတယ်။ ချုံကြည့်ရင် အတော်လေးကိုအဖြစ်နည်းပါတယ်။ ညဘက်မမြင်တဲ့ အကြောင်း ရင်းက မျက်မမြင်ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်တဲ့သူတစ်ဦးအတွက်တော့ တန်ဖိုးရှိတာပါပဲ။ ဒါကြောင့် အဖြစ်နည်းတယ်ဆိုပေမယ့် အလေးထားရပါတယ်။ အများအားဖြင့် ပြောက်ကျား ပြောက်ကျားလေးတွေတော့ ပေါ်လာတတ်ပါတယ်။ ဥပမာအားဖြင့် ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဗီတာမင်အေရုတ်တရက် ချို့ယွင်းသွားလို့ ညဘက်မျက်စိမမြင်တာဖြစ်ရင် ကလေးအထူးကုဆရာဝန်နဲ့ မျက်စိအထူးကုဆရာဝန်တွေ ဆီရောက်လာတတ်ပါတယ်။ အဲဒီအခါ ဗီတာမင်အေတစ်လုံး-နှစ်လုံးသောက်လိုက်ရင် သက်သာ ပျောက်ကင်းသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top