Healthy Life Ad
Life Style

ကမ္ဘာကျော်တို့သုံးသည့် သဘာဝအသားအရေ ထိန်းနည်းများ

၊ လရိပ်မေ ၊

အဆီအပြည့်ပါသော နွားနို့
နွားနို့နဲ့ရေချိုးတာကို ရာစုနှစ်ပေါင်းများစွာကတည်းက သုံးခဲ့ကြပါတယ်။ တချို့မင်းသမီးတွေက နွားနို့နဲ့ နေစဉ်ရေချိုးတယ်လို့တောင် ဆိုပါတယ်။ နွားနို့ဟာ အသားအရေကို စိုပြည်စေပြီး အရေပြားမှာလိုအပ်နေတဲ့ အာဟာရဓာတ်တွေကို ပြန်လည်လန်းဆန်းအားပြည့်စေပါတယ်။ အဆီအပြည့်ပါတဲ့ နွားနို့က အသားအရေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အဆီအပြည့်နွားနို့မှာပါတဲ့ စံဓာတ်က အသားအရေရဲ့ သဘာဝ စံဓာတ်နဲ့ အနီးစပ်ဆုံး တူညီတာကြောင့် အသားအရေက နွားနို့ကို များများစုပ်ယူနိုင်စွမ်းရှိသွားတာပါ။

ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဒီ၊ အကျိုးပြုဘက်တီးရီးယားနဲ့ လက်တစ်အက်စစ်စတာတွေ များစွာပါဝင်နေပါတယ်။ လက်တစ်အက်စစ်က အစွမ်းထက်အာဟာရတစ်မျိုးဖြစ်ပြီး သဘာဝ အယ်လ်ဖာဟိုက်ဒရော့ဆီအက်စစ် ပါဝင်တာကြောင့် အသားအရေ ခြောက်သွေ့ကြမ်းတမ်းမှုကို လျော့ပါးစေကာ ချောမွေ့စေပါတယ်။ ဒါ့အပြင် အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်စွမ်းလည်းရှိပါတယ်။

ပျားရည်
ကလီယိုပက်ထရာဟာ တောက်ပပြီး ကလေးလို ကြည်လင်တဲ့ အသားအရေပိုင်ဆိုင်ရတဲ့ လျှို့ဝှက်ချက်ကို ပျားရည်နဲ့ မျက်နှာသန့်စင်တာကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ပျားရည်စစ်စစ်မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်လည်းရှိတာကြောင့် အသားအရေကို စိုပြည်စေသလို ကြည်လင်လန်းဆန်းစေပါတယ်။ ပျားရည်ဟာ ချွေးပေါက်ပိတ်တာကို ရှင်းလင်းစေပြီး အသားအရေကို လန်းဆန်း ကြည်လင်စိုပြည်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top