Healthy Life Ad
International

ကမ္ဘာ့ပထမဆုံး စမ်းသပ်ကုထုံးခံယူပြီးနောက် အသက် ၈ နှစ်အရွယ်ကလေးမှာ ကင်ဆာပျောက်ကင်းကြောင်းကြေညာ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၈နှစ်အရွယ် ဘလူးတိုဘင်ဟာ အသက် ၂ နှစ်အရွယ် ၂၀၁၁ မတ်လက Acute Myeloid Leukaemia (AML) ခေါ် ပြင်းထန်တဲ့ သွေးကင်ဆာရောဂါတစ်မျိုးဖြစ်ပွားနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ကင်ဆာဆေးသွင်းကုသမှုနှစ်ကြိမ်ခံယူခဲ့ရပြီး အစပိုင်းမှာ သက်သာပုံရခဲ့ပါတယ်။ နောက်ထပ်နှစ်လကြာချိန်မှာ ကလေးရဲ့ ကင်ဆာပြန်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလမှာ ဘလူးအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း ဆရာဝန်တွေက မိသားစုကို အသိပေးခဲ့ပါတယ်။ ကလေးကို အိမ်ပြန်သယ်သွားပြီး တစ်ပတ်အကြာမှာ ကလေးတွေမှာ တစ်ကြိမ်မှ မစမ်းသပ်ရသေးတဲ့ ကုထုံးတစ်ခုခံယူဖို့ မိသားစုက ဆုံးဖြတ်ခဲ့ပါတယ်။

ပမာဏများတဲ့ Cyclophosphamide နှင့် Etoposide တို့ ပေါင်းစပ်ထားတဲ့ ကင်ဆာဆေးသွင်း ကုထုံးသစ်ဟာ အန္တရာယ်များပြီး အောင်မြင်နိုင်ခြေ ၁၀ ရာခိုင်နှုန်းသာရှိပါတယ်။ ဒီကုထုံးခံယူမှသာ ဘလူးရဲ့သွေးကင်ဆာရောဂါ သက်သာပြီး သူ့ရဲ့ ချို့ယွင်းနေတဲ့ ခန္ဓာကိုယ်ခုခံအားစနစ်အတွက် ရိုးတွင်း ခြင်ဆီအစားထိုးလဲလှယ်နိုင် မှာဖြစ်ပါတယ်။ ကုထုံးခံယူပြီး ဘလူးဟာ ကိုယ်အလေးချိန် ပေါင် ၂၀ ကျော် ကျသွားပြီး နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ သွေးဆိပ်တက်တာနှင့် အခြားဗိုင်းရပ်စ်တွေ ကူးစက်ခြင်း ခံခဲ့ရပါတယ်။ ၂၀၁၃ခုနှစ် ဆေးရုံက ဆင်းတဲ့အခါ ဘလူးဟာ ဘီးတပ်ကုလားထိုင်နဲ့သာ သွားလာနိုင်ပါ တော့တယ်။ အဲဒီအချိန်က နာလန်ထလာတဲ့ ဘလူးကလေးဟာ ပုံမှန်ကျန်းမာလာနေပြီး ကုထုံးခံယူပြီး ယခု ၅နှစ်ပြည့်အချိန်မှာ ဆေးစစ်ခဲ့ပြီး ကင်ဆာမတွေ့တော့တာကြောင့် ကင်ဆာအရှင်းပျောက်အောင် ကုသနိုင်ခဲ့ပြီလို့ ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top